Social Icons

Friday 1 February 2013

Samsung Galaxy Note 2 ဆိုတာ

Samsung Galaxy Note 2 ကတော့ လက်ရှိ ကမ္ဘာ့ Note ဖုန်း ဈေးကွက်မှာ နံပါတ် ၁ ပါပဲ။ နံပါတ် ၁ ဆိုလို့ Note Smartphone ထုတ်လုပ်တဲ့ ကုမ္မဏီတွေနည်းနေပါသေးတယ်။ Samsung မှ အကောင်းဆုံ ဖန်တီးတား တဲ့ Note ကတော့ ပထမ Note ကော၊ နောက်ဆုံးထွက် Note 2 ပါ အောင်မြင်ပါတယ်။

လက်ရှိ မြန်မာပြည်မှာလည်း လူကြိုက်များနေတဲ့ မစတ်ဖုန်း တစ်မျိုးပဲ ဖြစ်ပါတယ်။
သူ့ရဲ့  အတွင်းပိုင်း Specification များ မြင့်မားပြီး Samsung Galaxy S3 ထက်တောင် Memory ရော၊ Processor အပြင် အခြားသော spec. များမှာ သာလွန်နေပါသေးတယ်။ ကင်မရာလည်း ကောင်းပါတယ်။

Samsung Galaxy Note နဲ့ ကွာခြားမှုကတော့ Software များ Update ဖြစ်ပြီး CPU,GPU များ ထပ်တိုးလာခြင်း ဖြစ်ပါတယ်။

Processor

1.6 GHz quad-core Cortex-A9 ကို အသုံးပြုထားပါတယ်။ လုပ်ဆောင်ချက် မြန်ဆန်တာကို လက်တွေ့ အသုံးပြုသူများ ပိုသိမှာ ဖြစ်ပါတယ်။

ကင်မရာ

8 megapixel နောက်ကျော ကင်ရာမှာ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးနီးနီး ဖြစ်လာဖို့ ထောက်ပံ့ပေးထားတဲ့ အခြားသော အစိတ်အပိုင်းနဲ့ ဆော့ဖ်ဝဲများစွာ ပါဝင်နေပါသေးတယ်။ flash light, auto focus, HDR mode တို့က ပရော်ဖက်ရှင်နယ် Photographer များ အကြိုက်ပဲ ဖြစ်ပါတယ်။ ရှေ့ မှာက 1.9 megapixel ကင်မရာကောင်း ပါရှိပါသေးတယ်။

Operating System

Samsung ရဲ့  မိုဘိုင်းတိုင်းက Android update လုပ်ဖို့ အရမ်းလွယ်ကူပါတယ်။ လက်ရှိ Samsung Galaxy Note 2 ကို Android 4.1.1 / 4.1.2 - Jelly Bean ဗားရှင်းများ ထည့်သွင်းပေးထားပြီး အသစ်ထွက်တိုင်း Upgrade အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

Memory

RAM 2 GB ရှိပါတယ်။ 16 GB, 32GB, 64 GB အစရှိသဖြင့် Internal memory သုံးမျိုးနဲ့ ထုတ်လုပ်ပြီး ရွေးချယ်စရာ စုံစုံလင်လင် ရှိပါတယ်။ နောက်ထပ် 64GB တောင်ထပ်ဆိုက်နိုင်သေးတယ်ဆိုတာ့ External Hard Disk ကြီး တစ်လုံးနီးနီးပါပဲ။

Feature

app အသစ်များ အချိန်နဲ့ တစ်ပြေးညီဒေါင်းလို့ရအောင် Samsung app ဆိုတာလေး ပါရှိပါတယ်။ အခြားသော အသုံးဝင်မယ့် app အပြင် Up to dae ဖြစ်တဲ့ app များကို အလွယ်တကူ ရရှိနိုင်ပါတယ်။

Samsung Galaxy Note 2 ရဲ့  အားသာချက်က အရွယ်ကြီးချင်း ဖြစ်ပါတယ်။ အချို့ က ဒါကို မကြိုက်ပါဘူး။ သို့ပေမယ့် ဂိမ်းကောင်းကောင်းဆော့ချင် သူ တွေ၊ အင်တာနက်ကောင်းကောင်း သုံးချင် သူတွေ၊ app များများ အသုံးပြု ချင်သူတွေ အတွက် အကြိုက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခု အားသာချက်က ကင်မရာ ဖြစ်ပါတယ်။ Note 2 ကင်မရာကို ပရော်ဖက်ရှင် သမား တစ်ယောက်အနေနဲ့ အသုံးပြုလို့ရတဲ့အထိကို result ကောင်းပါတယ်။

မြန်မာပြည် ဈေးနှုန်း

လက်ရှိ မြန်မာမှာ ဈေးက အတည်တကျ မရှိပါဘူး။ စင်္ကာပူဒေါ်လာ အတက် အကျကြောင့် ဈေးက ငါးသိန်းဝန်းကျင်မှာတော့ ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝယ်ပြီးရင်တော့ မတန်ဘူးလို့ ထင်သူ မရှိပါဘူး။ ဈေးကြီး သလောက် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုများတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Samsung Galaxy Note II ကိုအောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.samsung.com/global/microsite/galaxynote/note2/index.html?type=find

--

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text