Social Icons

Sunday 24 February 2013

Apple ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသူများကြောင့် မြစ်ရေ ညစ်ညမ်းမှုကို ဖြစ်စေ

http://pyae-phyo.blogspot.com
Apple ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီ တစ်ခုမှ ရှန်ဟိုင်းမြစ် ပျက်ဆီးခြင်းနှင့် စွန့်ပစ် ပစ္စည်းများကြောင့်
မြစ်ရေ ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် အတွက် ဒဏ်ရိုက်ခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ပြောကြားခဲ့သည်။

Saturday 23 February 2013

Facebook အဟက်ခံရ သို့သော် user များ၏ အချက်အလက် ပါမသွားခဲ့

HACKEDကမ္ဘာ့ အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက်ဖြစ်သည့် Facebook အား ဟက်ကာများက ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း user များ၏ သတင်း အချက်အလက်များ ရယူသွားနိုင်ခြင်း မရှိခဲ့ဟု Facebook လုံခြုံရေးအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

Microsoft ရဲ့  စမတ်ဖုန်းဈေးကွက်ဟာ အမှားတစ်ခုပါ - ဘီလ်ဂိတ်



မကြာသေးမီက CBS နဲ့ အင်တာဗျူးတော့ ဘီလ်ဂိတ်ဆီက ထွက်လာတဲ့ စကား ဖြစ်ပါတယ်။

စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာခြင်းဟာ အမှားတစ်ခုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလာတော့ စီအီးအို Steve Ballmer  မျက်နှာ ဘယ်နား သွားထားတော့မလဲလို့တောင် Comment တွေတက်ခဲ့ပါတယ်။

ပြောလည်းပြောလောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ Windows Phone OS သုံးတဲ့ စမတ်ဖုန်း တစ်လုံး ရှာပြပါဆိုရင် တော်တော်လေး မိုဘိုင်းဖုန်း ဆိုင်အနှံ့ သွားရမယ့် ကိန်းရှိပါတယ်။ Windows Phone 8 OS သုံးပါတယ် ဆိုတဲ့ Nokia Lumia နောက်ဆုံးထွက်တွေ လိုချင်ပါတယ် ဆိုရင်တောင် ဘယ် တော်ရုံ မိုဘိုင်းဖုန်းဆိုင်မှ အော်ဒါ မမှာပေးရဲပါဘူး။ မမှာပေးရဲတာ မဟုတ်ပါဘူး။ မှာရခက်တာ ဖြစ်ပါတယ်။

Window Version သမိုင်းကြောင်း

ဒါက ၀င်းဒိုးအကြောင်းတွေပါ။ အားရင် ဗွီဒီယိုနဲ့ ပြပါဦးမယ်။ အဆင်ပြေပါစေ။

WINDOWS 1.0 ------>16 Bit Os (1985)

WINDOWS 2.0 ------>16 Bit Os

WINDOWS 3.0 ------>16 Bit Os (1990)

WINDOWS 3.1 ------>16 Bit Os (1992)

Nokia က ထုတ်မည့် ပစ်တိုင်းထောင် ဖုန်း



ပစ်တိုင်းထောင်တော့ မဟုတ်ပါဘူး။ Nokia Kinetic Concept Phone လို့ခေါ်ပါတယ်။ ဒီဇိုင်းအရပဲ ရှိပါသေးတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဘယ်လို Positon ထားထား အဆင်ပြေနေမယ့် ဖုန်း ဖြစ်ပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အပင်ပန်းခံ ထုတ်မှာတော့ မဟုတ်ပါဘူး။ သူ့မှာ electro-magnet ပါဝင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့  ဝိတ်အလေးချိန် မျှဝေမှု သဘောတရားကို သူက အလုပ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းအဝင်၊အထွက်တွေ ကို ဖြေကြားဖို့အတွက်လည်း ခလုပ်နှိပ်စရာမလိုပဲ လွယ်ကူမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။

Wednesday 20 February 2013

How to hack SEO for your blog?












SEO ကို hack လုပ်တယ်ဆိုတာ.. ( Serach Engine Optimization ) ပါ..။ မိမိ blog ကို.. Google မှာရှာရင်.. ထိပ်ဆုံးမှာရအောင်.. hack တာလေးပါ..။ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး.. :)
ဘယ်လိုလုပ်ရမလဲဆိုရင်... နည်းလမ်းတွေကတော့...အများကြီးရှိပါတယ်..။ အဲ့ထဲမှာမှ.. အလွယ်ဆုံးနည်းကို..ပြောပြမှာပါ...........

Tuesday 12 February 2013

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သူ


Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၀ နောင်းပိုင်းကစလို့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျောက်ကပ်တစ်ခုလုံး အလုပ် မလုပ်တော့တဲ့ အထိကို ဆိုးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ရေတွေကို ဆုပ်ထုပ်ပါမယ်။ လိုအပ်တဲ့ ရေနဲ့ သွေးကို ပြန်လည် အစားသွင်းပေးရပါမယ်။ ဒီအတွက် Dialysis ဆိုတဲ့ စက်ကို အသုံးပြုရ မှာ ဖြစ်ပြီး တရုတ်ပြည်က သာမန်လူတစ်ယောက်တောင် ငှားမသုံးနိုင်ပါဘူး။

တစ်စက္ကန့်တိုင်း Samsung တီဗီ ၁၀လုံး ရောင်းချနေရ



မိုနာကိုနိုင်ငံမှာ ကျင်းပတဲ့ Samsung အီးယူ ဖိုရမ်မှာ President K Yoon ကိုယ်တိုင် ပြောကြားခဲ့တဲ့ စကား ဖြစ်ပါတယ်။

K Yoon ရဲ့  ပြောကြားချက်အရ ၁ မိနစ်တိုင်းကို Samsung တီဗီ ၃ လုံးရောင်းချ နေရပြီး ဈေးကွက် လိုအပ်ချက်အတွက် အလျင်မှီထုတ်လုပ်ရတဲ့ အနေအထားဖြစ်ကြောင်း ဆိုပါတယ်။ ဒါက Samsung ဟာ မိုဘိုင်ဖုန်းမှာ တင်မကပဲ အခြားသော အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရောင်းချရမှု မှာလည်း ထိပ်တန်းပြေးနေတယ်လို့ ပြောဆိုလိုက်ခြင်း ပဲ ဖြစ်ပါတယ်။

iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်



Apple က တရားဝင် မထုတ်ပြန်ရသေးပေမယ့် Source တော်တော်များများ ကတော့ iOS 6.1 ကို အသုံးမပြုဖို့ တားမြစ်နေပြီ ဖြစ်ပါတယ်။

iOS 6.1 ဟာ ဘက်ထရီ အကုန်မြန်စေခြင်း၊ အပူချိန် လွန်ကဲစေခြင်း ဆိုတဲ့ အချက် နှစ်ချက်ကြောင့်မို့ ဖြစ်ပါတယ်။ အထူးသဖြင့် iPhone 4s နဲ့ မတည့်ပါဘူး။ ဒါကြောင့် iPhone 4s အသုံပြုသူများအနေနဲ့ iOS 6.1 ကို upgrade မလုပ်ကြသေးဖို့ အထူး သတိပေးချက် ထုတ်ပြန်ကြပါတယ်။

Apple iWatch (i နာရီ) နှစ်လယ်တွင် ထွက်ရှိမည်


Apple က တရားဝင်မကြေညာရသေးသည့်တိုင် နှစ်လယ်မှာ ထွက်ရှိမယ် ဆိုတဲ့ သတင်းကတော့ နေရာ တိုင်းမှာ ပြန့်နေပါတယ်။

စမတ်နာရီအမျိုးအစား ဖြစ်မယ့် iWatch ဖြစ်ပြီး iOS ထည့်သွင်းထားမယ့် နာရီ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းအသေးစား တစ်လုံးလိုကို အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။ မတ်ဆေ့ခ်ျပို့တာမျိုး၊ စာဖတ်တာမျိုး၊ Alarm ပေး၊ မြေပုံကြည့်၊ ဆိုရှယ်နတ်ဝေါ့ခ် အသုံးပြုခြင်းတို့ ရမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Passbook လို ဒီဂျစ်တယ် ခရက်ဒစ်ကဒ် သဘောမျိုးတောင် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ

http://pyae-phyo.blogspot.com
ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင် ပါဘူး။ ဒါပေမယ့် အခက်ကြီး လို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာ လေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေ ဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်း သိလိုက်တာနဲ့ အားလုံး အဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။ ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာ အတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ် လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက် ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိ နည်းကျကျ ဆင်ခြင်တွေးခေါ် နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံ လေးတွေ နည်းနည်း လိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်း သင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်း အနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာ မဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့် တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။ အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။

Gmail Password အခိုးခံရခြင်းနှင့် Disable အကြောင်း

ဒါက အောင်အောင်(မကစ) ဆီကယူထားတာပါ။ ဒါက နည်းဟောင်းလေးပါ။ ခုထက်ထိ အသုံးဝင်သေးပါတယ်။ နည်းနည်းပုံစံပြောင်းတာကလွဲလို့ပေါ့။
http://pyae-phyo.blogspot.com
အခုဖြေရှင်းပေးနေရတဲ့ပြသနာလေးတွေပါ
တစ်ယောက်လာပီးပြောသွားလိုက် နှစ်ယောက်လာပီးပြောသွားလိုက်နဲ့ နဲ့မလို့ပါ တစ်ယောက်လာပြောပျံပီ အကောင့်သူများခိုးသွားလို့တဲ့ တကယ်တမ်းတော့ ကိုယ့်အကောင့်ကို ဘယ်သူမှမခိုးပါဘူး ခိုးပီးတော့ကောဘာလုပ်မှာလည်း တစ်ချို့ကတော့ ထောက်ချောက်ဆင်တက်ကြတယ် အဲ့ဒါကတော့ Gmail အတုတွေရယ် Mail ထဲဝင်လာတဲ့ Mail ကို Recover လုပ်မလားဆိုတဲ့မေးကို သွားဖွင့်ပီးတော့ UserName နဲ့ Password ကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ်
နောက်တစ်ခုကတော့ KeyLogger ကိုစက်ထည်းသွင်းထားလို့ဖြစ်ပါတယ် တကယ်တမ်းတော့ အဲ့ဒါတွေအားလုံးဟာ အလှူလာခံကြတယ်လို့ပဲပြောရမှာပေါ့ (User Name နဲ့ Password အလှူခံသည်)အဲ့လိုအော်ပီးတော့ကိုဝင်လာကြတာပါ

Sunday 10 February 2013

စွမ်းဆောင်ရည် မြင့်မားသည့် Archos 97 Titanium HD အမျိုးအစား TABLET

http://pyae-phyo.blogspot.com

Archos 97 Titanium HD Tablet အမျိုးအစားသည် နောက်ဆုံး ထုတ်လုပ်လိုက်သည့် Tablet အမျိုးအစား ဖြစ်သည်။
9.7 လက်မ အရွယ်အစား ရှိသည့် ယင်း Tablet ၏ ကိုယ်ထည်ကို Aluminium သတ္တု အပြောင်စားဖြင့် ပြုလုပ်ထားရှိပြီး OS တွင် window 4.1 ဗားရှင်း အမျိုးအစားကို အသုံးပြုထားသည်။

အငြင်းပွားနေသည့် မူပိုင်ခွင့် ကိစ္စ Microsoft ကုမ္မဏီ အနိုင်ရရှိ


http://pyae-phyo.blogspot.com

ကမ္ဘာကျော် Microsoft ကုမ္မဏီမှ မိုဘိုင်း ကုမ္မဏီ တစ်ခုဖြစ်သည့် Motorola အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားရာ
အမေရိကန် ဗဟို တရားရုံးမှ ယနေ့တွင် အပြီးသတ် အမိန့် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဒစ်ဂျစ်တယ် ဗွီဒီယို လျှို့ဝှက်စာဖြင့် ရေးခြင်း ၊ ၀ှက်စာဖော်ခြင်း အပါအ၀င် အမှု ၁၃မှုဖြင့် တရားစွဲဆိုခံရသည့် Motorola အနေဖြင့် သူ၏ ကွန်ပြူတာ ကုဒ်စနစ် လုပ်ဆောင်ပုံများ ၊

Saturday 9 February 2013

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်

ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ဒီဘက် နှစ်ဖက်စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ ရ မှာ ဖြစ်ပါတယ်။

ဈေးနှုန်းသက်သာ Samsung Galaxy Fame

Samsung Galaxy Ace ကိုလူကြိုက်များခဲ့သလို Galaxy Fame ကလည်း နေရာ တစ်ခုရမယ်လို့ Samsung က ယုံထားပါတယ်။ Y နေရာမှာ Young , Ace နေရာမှာ Fame လို့ ပြောဆိုနေကြပါပြီ။ လာမယ့် မတ်လမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၇၉၉ ဖြင့် စတင် ရောင်းချမည့် 128 GB သိုလှောင် ပမာဏရှိသော ipad အသစ်

 Apple ကုမ္ပဏီက 128GB သိုလှောင် ပမာဏရှိသော ipad အသစ်ကို ၄င်း၏ Online စတိုးနှင့် လက်လီ အရောင်းဆိုင်များမှ တစ်ဆင့်
စတင် ရောင်းချသွားမည် ဖြစ်သည်။ အချက်အလက် အများအပြား သိုလှောင်နိုင်မည့် ၄င်း ipad အသစ်ကို ၀ယ်ယူရန် ipad ချစ်သူများ စိတ်လှုပ်ရှားနေကြသည်။

e-commerce ထုတ်လွှင့်ရန် Google website အား Channel Intelligence မှ အမေရိကန် ဒေါ်လာ ၁၂၅ မီလီယံ ပေးဝယ်ခဲ့

Channel Intelligence မှ အမေရိကန် e-commerce ကုမ္ပဏီဲ အစီအစဉ် ထုတ်လွှင့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းအစီအစဉ်ကို Google တွင် ၀င်ရောက် ကြည့်ရှု လေ့လာ နိုင်ကြမည် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် BlackBerry နောက်ဆုံးထုတ် မိုဘိုင်းဖုန်းများ ရောင်းချမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား

ကနေဒါ အခြေစိုက် BlackBerry မိုဘိုင်းဖုန်း ကုမ္ပဏီက ၎င်းတို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း မော်ဒယ်ကို ဂျပန်နိုင်ငံမှာ ရောင်းချသွားမှာ မဟုတ်ကြောင်း
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အကြောင်းရင်း ကတော့ ဂျပန်နိုင်ငံဟာ BlackBerry မိုဘိုင်း ကုမ္ပဏီရဲ့ အဓိက အရေးပါတဲ့ ဈေးကွက် တစ်ခု မဟုတ် တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့က BlackBerry ကုမ္ပဏီဟာ ၎င်းရဲ့ ဆော့ဖ်ဝဲလ် အသစ် သုံးထားတဲ့ စမတ်ဖုန်း မော်ဒယ် အသစ်ကို ပွဲထုတ် ပြသခဲ့တာ ဖြစ်ပါတယ်။

Apple 4S သုံးဆွဲသူများကို iOS 6.1 သို့မပြောင်းအောင် Vodafone ကသတိပေး

http://myanmartechnews.blogspot.com
iOS 6.1 ထွက်တာမှ သိပ်မကြာသေးပါဘူး။ အခက်အခဲအမျိုးမျိုးရှိတဲ့ iOS 6.1 လို့ နိုင်ငံတကာ ကပါ ဆိုလာပါပြီ။ နောက်ဆုံးပေါ်လို့ပြောသံပါပဲ။ လွန်ခဲ့တဲ့ ၁ပတ်က iOS 6.1 ထွက်လာပြီး ပုံစံအသစ်တွေပြောင်းလာတယ်ဆိုတာပဲ။ ပြဿနာကတော့ Vodafone 3G Network မှာပါ။

Friday 8 February 2013

India မှ Hostgator domain ကို ဟက်ကာများဟက်သွား


hostgator hacked
ဒီ deface ကမနေ့ကမှ အုပ်တဲ့ deface ပါ။ India Hostgator ကို ဟက်ကာများမှဟက်တာဖြစ်ပါတယ်။ hostgator.in ပါ။ တခြားဟာတွေလည်းရှိဦးမှာပေါ့။ အကြောင်းအရင်းတော့ရှိမယ်ထင်တယ်။

index တို့ ပင်မစာမျက်နှာမှာ မဟက်ပဲ။ စာမျက်နှာအသစ်လုပ်ပြီး ftp မှာဟက်တာဖြစ်ပါတယ်။ ခုဆိုရင် စာမျက်နှာက ဖျက်ပြီးပြီးဖြစ်ပါတယ်။ TheHackerNews မှ deface ရှိတုန်းရိုက်ထားတာဖြစ်ပြီး ၊ သိပ်မကြာမီတုန်းက ဖျက်သွားပါတယ်။ ဒါက မနက်တုန်းကရိုက်ထားတဲ့ deface ဆိုပဲ။

Mozilla ကုမ္ပဏီက ၂၀၁၂ အယုံအကြည်ရဆုံးကုမ္ပဏီတစ်ခုဖြစ်ခဲ့

http://pyae-phyo.blogspot.com
Mozilla ကုမ္ပဏီက ၂၀၁၂ အယုံအကြည်ရဆုံးကုမ္ပဏီတစ်ခုဖြစ်ခဲ့တာဆိုပဲ။ ကျွန်တော်တို့ ခုကိုင်တဲ့ စိတ်အချရဆုံး၊ အယုံအကြည်ရဆုံးဆိုတဲ့ Mozilla ဟာ ယမန်နှစ်တုန်းကမှ Trusted Company အဖြစ်ရာထူးအတိုးခံရပါတယ်။ Mozilla ကကျွန်တော်တို့ကိုင်နေတဲ့ Firefox(လူအသုံးများ) ၊ Thunderbirds(လူအသုံးနည်း) တဲ့အရာလေးတွေပါ။

Wednesday 6 February 2013

Post Paid စနစ်ဖြင့် အသုံးပြုနေသည့် GSM ဖုန်းများ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် ယူဆောင်ပြောဆိုနိုင်ပြီ


tdbyg - Click for Next Image...

မြန်မာဂျီအက်စ်အမ်ဖုန်းကို အာဆီယံ ဆယ်နိုင်ငံ အပါအဝင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

Monday 4 February 2013

FileZilla အသုံးပြုနည်း












         
              FileZilla ဆိုတာ... free hosting & domain ပေးထားတဲ့...ဆိုဒ်တွေအတွက်.. file upload တင်ပေးတဲ့.. software လေးပါ..။ hosting & domain ပေးထားတဲ့.. website ထဲကိုဝင်ပြီး.. file တွေကို.. upload တင်တာမဟုတ်ပဲ..software သုံးပြီး.. website ထဲက... file manager ထဲကို..တန်းပြီးထည့်တာပါ..။ file upload လုပ်နည်းကတော့..

Free Hosting & Domain



            Free hosting & domain အကြောင်းပြောချင်ပါတယ်..။ free ပေးတာတွေတော့.. အများကြီးရှိတာပေါ့နော်..။ ဒါပေမဲ့..အဆင်မပြေတာများတယ်..။ အခုပြောမယ့် website လေးက.. Freehostia နဲ့...ခပ်ဆင်ဆင် website လေးပါပဲ..။ သုံးရတာလည်းလွယ်ကူပါတယ်..။ သူက.. html, javascript , php သာမက.. asp.net ကိုပါ.. support လုပ်ပေးပါတယ်..။ Disk Space ကို 200 MB ပေးထားပါတယ်.။ Traffice ကို 4 GB ပေးထားပါတယ်..။ hosting တစ်ခုကို.. Domain 1 ခုသုံးလို့ရပြီး. subdomain ကိုတော့ အများဆုံး 5ခုသုံးလို့ရပါတယ်.။ MySQL Database 1 ခုသုံးလို့ရပါတယ်.။ Email 1ခုသုံးလို့ရပါတယ်။ Hosting နဲ့ Domain ယူနည်းကတော့.. အောက်မှာပြထားတဲ့အတိုင်းပါပဲ..။


Sunday 3 February 2013

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense



ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-


- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။
- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။

Twitter ၀က်ဘ်ဆိုက် ဝင်ရောက်တိုက်ခိုက်ခံရ

အင်တာနက်ပေါ်က Twitter လူမှုရေး ကွန်ယက်ဟာ ဒီသီတင်း ပတ်ထဲမှာ အဆင့်မြင့် နည်းပညာ သုံးပြီး ထိုးဖောက် ခံရလို့ Twitter အသုံးပြုသူ ၂ သိန်းခွဲရဲ့ အချက် အလက်တွေ ပေါက်ကြား သွားရ တယ်လို့ Twitter က ပြော ပါတယ်။ တရား မဝင် ခိုးဝင်ဖို့ မအောင်မြင်ဘဲ ကြိုးစား ထားတာတွေ ကို တွေ့ရှိခဲ့တယ်၊ ပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေ တာကိုလည်း ကြုံလိုက်ပြီး အဲဒါကို ချက်ချင်းပဲ တားဆီး လိုက်နိုင် တယ်လို့ Twitter ရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူး Bob Lord ကပြောပါတယ်။

TicTacToe3D ဂိမ်း [HTML Codes-2]

http://pyae-phyo.blogspot.com
ခုတော့ နောက်ဂိမ်းအသစ်တင်ဆက်ပါမယ်။ HTML နဲ့ Javascript တို့ပေါင်းစပ်ပြီးလုပ်ထားတာပါ။ C++ language ကနေ HTML တို့ Javascript အဖြစ်ပြောင်းလုပ်ထားတာပါ။ ကုဒ်တွေအလုပ်မလုပ်လို့ အချိန်ပေးပြီး ထွင်နေရတာပါ။ ပုံတွေက အလုပ်မလုပ်လို့  blogspot.com နဲ့ပုံတင်ပြီး ပြင်ထားပါတယ်။ ကျွန်တော်ကတော့ ဒီဟာကို Dreamweaver နဲ့ Notepad++ နဲ့လုပ်တာပါ။ ၂နာရီလောက်ကြာသွားပါတယ်ဗျာ။ အဆင်မပြေရင် ပုံတွေပါပေးလိုက်မယ်။ ပုံလေးတွေကို download လုပ်ချင်ရင်...

Samsung Galaxy S3 ဆိုတာ


309798 577317212297786 2124829000 n 
၂၀၁၂ ခုနှစ်ရဲ့  ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ လယ်လောက်ထိ စစ်တမ်းအရ စုစုပေါင်း အလုံးရေ သန်း ၄၀ ကျော် ရောင်းချရပြီး ဖြစ်ပါတယ်။ မထွက်ရှိခင်ကတည်းက အော်ဒါမှာသူ ၉ သန်းကျော်တယ်ဆိုတော့ ဒီရောင်းအား ရှိလာမယ်ဆိုတာ အားလုံး ခန့်မှန်း ပြီးသား ဖြစ်ပါတယ်။

Myanmar Tech News ကို မိမိ၏ Android ဖုန်းပေါ်တွင်အလွယ်တကူဖတ်ယူနိုင်တော့မည်

http://myanmartechnews.blogspot.com
MTN (Myanmar Tech News) က နည်းပညာသတင်းတွေကို တပြေးညီ ဆောင်ရွက်နေလျက်ရှိပါတယ်။ ကွန်ပျူတာပေါ်မှာလည်းဖတ်တဲ့သူရှိသလို၊ မိုဘိုင်းဖုန်းမှာလည်းဖတ်ချင်တယ်သူရှိပါလိမ့်မယ်။ အဲ့ဒီတော့ Android User တွေအတွက် လွယ်လွယ်ကူကူဖတ်ရအောင် share လိုက်ပါမယ်။ နောက် user အသစ်များလည်း ဖတ်ရအောင် ထပ် share မှာဖြစ်ပါတယ်။ Online တစ်ခဏဖြစ်ရုံနဲ့ offline စာတွေဖတ်လို့ရပါပြီ။

စကားထပ်ခါပြန်ပြောတဲ့စက် [HTML Codes-1]

http://pyae-phyo.blogspot.com
ကဲဗျာ။ ကျွန်တော် ကစားတဲ့ html code လေးအကြောင်းပြောပါမယ်။ ဒီနေ့ပဲကစားတာပါ။ တခြားနေ့တွေက လုံးပန်းတယ်ဆိုတော့ ပိုစ့်တောင်မရေးဖြစ်ဘူးပေါ့။ လွယ်လွယ်လေးပဲ။ ထမင်းစားရေသောက်ပေါ့။ ကျွန်တော်က HTML ကိုနားလည်တဲ့ဆရာကြီးမဟုတ်ပါဘူး။ ဆော့ရုံလေးတင်ပါပဲ။

Saturday 2 February 2013

Beautiful HTML Codes ( 3 )















                ဒီတစ်ခါတော့.. IE နဲ့ Mozilla ကို..ငလျှင်လှုတ်လိုက်ကြအောင်.. :)  IE မှာတော့... သိသာပါတယ်...။ Mozilla မှာတော့...သိပ်မသိသာဘူး..။ Shaking ဖြစ်သွားတာပါ...။
               အောက်က code လေးတွေကို.. notepad ထဲမှာ copy ကူးပြီး... shake.html လို့ save လိုက်ပါ..။ ပြီးရင်.. save ထားတဲ့.. file ကို.. double click နှိပ်ပြီးဖွင့်ကြည့်လိုက်ပါ.. ^_^

Beautiful HTML Codes ( 2 )















         Background color လေးကိုတွေ.. button လေးတွေနဲ့...ရွေးတာ..ရေးကြမယ်နော်..။ ညီမရေးသွားမယ့်.. html code တွေက.. ထူးထူးခြားခြားလေးတွေပဲရေးမှာပါ..။ html ရပြီးသားသူတွေအတွက်တော့.. အဆင်ပြေမှာပါ...။ မရသေးတဲ့သူတွေကလည်း.. Part (1) က..အကြမ်းဖျင်းကို..လေ့လာလိုက်ရင်..သဘောတရားတော့..သိသွားမှာပါ..။ အောက်က code လေးတွေကို.. notepad ထဲမှာ copy ကူးပြီး... buttonbgcolor.html လို့ save လိုက်ပါ..။ ပြီးရင်.. save ထားတဲ့.. file ကို.. double click နှိပ်ပြီးဖွင့်ကြည့်လိုက်ပါ.. ^_^

Beautiful HTML Codes ( 1 )















               ညီမလည်း.. posts တွေတင်တာ..အစုံပဲ..။ တစ်ချို့ကပြောတယ်..အားလုံးရောနေတယ်တဲ့..။ တစ်ခုတည်းသွားလို့ပြောကြတယ်..။ ညီမစဉ်းစားကြည့်တယ်..တစ်ခုတည်းသွားမယ်ဆိုရင်.. HTML ပဲသင်မယ်ထားဦး..။ တစ်ချို့က.. HTML လေ့လာချင်တာမဟုတ်ဘူးလေ..။ C# တို့... VB တို့လေ့လာချင်တာ..။ တစ်မျိုးတည်းပဲ.. posts တင်မယ်ဆိုရင်...ပျင်းသွားကြမှာစိုးလို့..။ အမျိုးမျိုးပြောင်းတင်နေတာပါ..  :)
               ဒီတစ်ခါတော့.. HTML code များထဲမှ.. လှပတဲ့.. code တွေအကြောင်းတင်ပေးမှာပါ...။ အဲ့ဒါမပြောခင်..အရင်ဆုံး.. HTML ဘယ်လိုရေးလဲ..အကြမ်းဖျင်းပြောမယ်နော်... ^_^

Youtube က သီချင်းတွေ Phone ထဲကနေ အလွယ်Download ယူနည်း


ဖုန်းထဲကနေ ဗီဒီယိုတွေ သီချင်းတွေ ယူချင်ရင် ကောင်းမွန်တဲ့ဆော့ဝဲလေးတစ်ခုပါ

ဒီဟာလေးထည့်ထားလိုက် ။Youtube က သီချင်းတွေကို အလွယ်တကူ ယူနိုင်ပါပြီ


လိုင်းကောင်းဖို့ တော့လိုတယ်နော ။  စက်ရုံက ၀ိုင်ဖိုင်ရသူတွေအတွက် အဆင်ပြေ


လွယ်ကူပါတယ် စမ်းဒေါင်းကြည့်တာ အဆင်ပြေလို့  မျှဝေလိုက်ပါတယ်............။

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်

မိုဘိုင်းဖုန်းများကို လက်ရှိ ဈေးနှုန်းထက် များစွာ သက်သာသာ ဈေးနှုန်းများဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ယနေ့ ကျင်းပသော အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး (န၀မနေ့)တွင် ဖြေကြားခဲ့သည်။
"အခု ချပေးထားတဲ့ ဈေးနူန်းတွေထက် သက်သာအောင် ဆောင်ရွက် ပေးသွားဖို့ လုပ်နေပါတယ်၊

Mozilla FireFox 18.0
















အားလုံးကြိုက်တဲ့ mozilla firefox က.. version 18.0 နဲ့ထွက်လာပါပြီ..။ browser တွေကို.. latest version တွေ..သုံးသင့်ပါတယ်..။ ဒါမှ... virus တွေရန်ကို..ကာကွယ်နိုင်မှာပါ..။ mozilla က...တခြား. browser တွေနဲ့..ယှဉ်လိုက်ရင်..မြန်ပါတယ်..။ သုံးရတာလည်း..လွယ်ကူတယ်..။ ရိုးရှင်းတယ်..။
add-on တွေလည်းပေါပါတယ်..။ ကဲ..နောက်ဆုံးပေါ်သုံးနိုင်အောင်..မြန်မြန်လေး..ဒေါင်းလိုက်ကြနော်.. ^_^

ကမ္ဘာဆိုတာ

အထက်ပါ ပုံကတော့ စကြဝဠာ တစ်ခု ဖြစ်ပါတယ်။

စကြဝဠာ ရဲ့  အချင်းက အလင်းနှစ် ၉၃ ဘီလျံ ရှိပါတယ်။ အလင်းနှစ် တစ်နှစ်ဆိုတာ မိုင်ပေါင်း ၆ ထရီလီယံ ဖြစ်ပါတယ်။ ၁ ထရီလီယံ ဆိုတာ ၁ ပြီးရင် သုည ၁၈ လုံးပါတဲ့ ပမာဏ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပမာဏ ၆ ထရီလီယံစာ အလင်းနှစ်ပေါင်း ၉၃ ဘီလျံဆိုတော့ ဘယ်လောက်တောင် ကျယ်သလဲဆိုတော့ လက်နဲ့ရေးချလို့တောင် မကုန်နိုင်ပါဘူး။

Email Subscription widget လေးလန်းတယ်နော်(ဂွတ်ရှယ်)

ကဲဘယ်လိုလုပ်ရတယ်ဆိုတာကိုစပြောတော့မယ်နော်.လွယ်ပါတယ်ဗျာ.စမ်းကြည်လိုက်နော်.သုံးခုပေးထားပါ
တယ်သူငယ်ချင်းတို့နှစ်သက်တဲ့ဟာလေးကိုယူလိုက်ပါနော်..အကုန်လုံးကတော့လန်းနေရာပဲနော်.ကဲစပြီနော်
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးမှာထည့်လိုက်ဗျာကုတ်တွေကတော့ဒီမှာ

Friday 1 February 2013

တန်ဖိုးနည်း iphone ထုတ်လုပ်မည့် ပုံစံ အသေးစိတ်အား ဖော်ပြ

Apple သည် တန်ဖိုးနည်း iphone များ လုပ်ဆောင်လျှက် ရှိကြောင်း လွန်ခဲ့သော သီတင်းပတ်က ilounge သတင်းစာ မျက်နှာတွင် ဖော်ပြခဲ့သည်။
ယခုအခါ အဆိုပါ သတင်း၏ နောက်ဆက်တွဲကို ထုတ်ပြန်ခဲ့ပြီး ၊ အသေးစိတ် သတင်း အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။ တန်ဖိုးနည်း iphone သည် iPhone 5 ၊ new iPod touch  နှင့် iPod Classic တို့ကို အခြေခံ ပြုလုပ်မည် ဖြစ်ပြီး အစိတ်အပိုင်း အများစုကို ပလတ်စတစ်ဖြင့် ပြုလုပ်သွားမည်ဟု ၄င်းသတင်းတွင် ဖော်ပြခဲ့သည်။

သင့်ဖုန်းအား ခိုးယူသူ၏ ရုပ်ပုံကို ရိုက်ယူပေးမည့် Lookout လုံခြုံရေး Android app

http://pyae-phyo.blogspot.com
လုံခြုံရေး software ဖန်တီးသူများက ဖုန်းသူခိုးများကို ဖမ်းပေးနိုင်မည့် နည်းလမ်း တစ်ခုအား ၄င်းတို့၏ Lookout Android app တွင် ထည့်သွင်း ပေးလိုက်သည်။
၎င်းလုပ်ဆောင်ချက် အသစ်သည် သူစိမ်းတစ်ဦးက သင့်ဖုန်းအား unlock လုပ်ရန် ကြိုးစားမှု သုံးကြိမ် မအောင်မြင်လျှင် ဖုန်း၏ မျက်နှာပြင်ရိုက် ကင်မရာမှ အဆိုပါ သူစိမ်း၏ ပုံကို အလိုအလျှောက် ရိုက်ယူထားမည် ဖြစ်သည်။ ထို့နောက် သင့်ထံသို့ ထိုသူ၏ ပုံနှင့်တကွ သတိပေးထားသော အီးမေးတစ်စောင် ပို့ပေးမည် ဖြစ်သည်။

PS4 ကောလဟာလများကြား ဖေဖေါ်ဝါရီလတွင် Playstation အမှတ်တရ ပွဲတစ်ခု ပြုလုပ်မည့် Sony

PS4 ကောလဟာလများ ထွက်နေသည့် ကြားထဲ အမေရိကန် နိုင်ငံတွင် Playstation အမှတ်တရ ပွဲတစ်ခုကို Sony က ဖေဖေါ်ဝါရီလထဲတွင်
ပြုလုပ်သွားမည် ဖြစ်သည်။ ကုမ္ပဏီ၏ ဂိမ်းဌာနခွဲ ဖြစ်သော sony ကွန်ပြူတာ ဖျော်ဖြေရေး ဌာနခွဲမှ ဖေဖေါ်ဝါရီလ (၂၀) ရက်စွဲနှင့်အတူ အသိခက်သော ဗီဒီယိုဖိုင်တစ်ခု တင်ပြခဲ့သည်။

Nokia အခမဲ့ သီချင်း ၀န်ဆောင်မှု Lumia ဖုန်းများတွင်သာ အသုံးပြုနိုင်မည်

လွန်ခဲ့သော လပိုင်း အတွင်းကပင် မိုဘိုင်း တယ်လီဖုန်းများ အတွင်း အခမဲ့ သီချင်းလွှင့် ကဏ္ဍများ တိုးတက်လာခဲ့ရာ Nokia က
၎င်း၏ premium user များအတွက် Lumia-only music service ကို အသုံးပြုနိုင်ရန် upgrade ပြုလုပ်ပေးခဲ့သည်။

Nokia Music+ အား အခမဲ့ Mix Radio service သို့ ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလက အဆင့်မြှင့်တင်ပေးခဲ့ပြီး၊ Lumia ပိုင်ရှင်များအား အဆုံးမရှိသော သီချင်းများကို နားဆင်ခွင့်နှင့် download ပြုလုပ်ခွင့် ပေးသွားမည် ဖြစ်သည်။

တရုတ် ဟက်ကာများ၏ အကြီးအကျယ် တိုက်ခိုက်ခြင်း ခံရသော New York Times

လွန်ခဲ့သော (၄) လ အတွင်းက တရုတ် စစ်တပ်နှင့် ဆက်သွယ်သည်ဟု ယူဆရသော ဟက်ကာများက New York Times ကွန်ပြူတာ စနစ်များကို
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Samsung Galaxy Note 2 ဆိုတာ

Samsung Galaxy Note 2 ကတော့ လက်ရှိ ကမ္ဘာ့ Note ဖုန်း ဈေးကွက်မှာ နံပါတ် ၁ ပါပဲ။ နံပါတ် ၁ ဆိုလို့ Note Smartphone ထုတ်လုပ်တဲ့ ကုမ္မဏီတွေနည်းနေပါသေးတယ်။ Samsung မှ အကောင်းဆုံ ဖန်တီးတား တဲ့ Note ကတော့ ပထမ Note ကော၊ နောက်ဆုံးထွက် Note 2 ပါ အောင်မြင်ပါတယ်။

လက်ရှိ မြန်မာပြည်မှာလည်း လူကြိုက်များနေတဲ့ မစတ်ဖုန်း တစ်မျိုးပဲ ဖြစ်ပါတယ်။

WiFi လွှင့်နည်း အဆင့်ဆင့်



အိမ်တွင်း၊ ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။ Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။
 

Sample text

Sample Text

Sample Text