Social Icons

Friday 25 January 2013

Touch Screen နည်းပညာအား ဂိမ်းစက်များတွင် အသုံးပြုထား

ယူကေရှိ Warwick တက္ကသိုလ်မှ ဒေါက်တာ ဆိုင်မွန်လေး ဆိုသူက ထိတွေ့သည့် နည်းပညာ သုံးထားသည့် သရီးဒီ ဂိမ်းစက် တစ်မျိုးကို စတင် တီထွင် လိုက်ပါပြီ။
အဆိုပါ ဂိမ်းစက်တွင်တပ်ဆင်ထားသည့် အာရုံခံကိရိယာများက လက်ချောင်းကလေးများ၏ အဖိအဖော့နှင့် အကိုင်အတွယ် အချိန်အဆကို လိုက်ပြီး ဂိမ်းဇာတ်ကောင်များကို လိုသလို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
Carbonmorph ဟု အမည်ပေးထားပြီး ယင်းပစ္စည်းဆန်းတွင် အာရုံခံကိရိယာများကို အီလက်ထရွန်နစ်စက်များနှင့်
ချိတ်ဆက်ထားသည်။
ထို့ကြောင့် အနာဂတ်တွင် ဂိမ်းကစားသူများအနေဖြင့် ဂိမ်းဇာတ်ကောင်များကို ဂိမ်းစက်များမှ တစ်ဆင့် ၄င်းတို့၏ ခံစားချက်ကို လိုက်၍ စိတ်တိုင်းကျ ပိုမိုထိန်းချုပ်သွားနိုင်တော့မည် ဖြစ်သည်။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text