Social Icons

Saturday 26 January 2013

လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ စတင်ကျင့်သုံးသွားမည် ဟုဆို

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ e-Government အကောင်အထည် ဖော်ဆာင်မှု အစီအစဉ်အရ လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို နည်းပညာ အသုံးပြုပြီး ကွန်ပြူတာ ပရိုဂရမ်များဖြင့် စတင်ဆောင်ရွက် သွားမည်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အလုပ်သမား ဝန်ကြီးဌာနမှ ယင်းကွန်ပြူတာစနစ်ကို ၁၉၇၉ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀ဝ၅ ခုနှစ်တွင် တစ်ကြိမ်ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရှိခဲ့ဘဲ ယခု တစ်ကြိမ်ပြုလုပ်ရန် ၂၀ဝ၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ အသစ်ရေးဆွဲမည့် ပရိုဂရမ်များကို နိုင်ငံတကာ စံချိန်စံညွှန်းမှီ မြန်မာနိုင်ငံ တွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်နှင့် အဆင်ပြေနိုင်မည့် ပရိုဂ၇မ်းများဖြစ်စေရေးအတွက် မြန်မာနိုင်ငံ ကွန်ပြူတာအသင်းမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူကာ ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြာသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ခြင်းမှာ ကွန်ပြူတာ Programme စနစ်ကို နောက်ပိုင်း Update ပြုလုပ်နိုင်ခြင်းမရှိသည့် ပြင်အာမခံအလုပ်သမားများ၏ အာမခံအမှတ်များ၊ အလုပ်ရှင် အမှတ်များ ထုပ်ပေးရာ တွင် မှားယွင်းမှုများရှိနေပြီး အဆိုပါမှားယွင်းမှုသည် လက်ရှိအခြေအနေတွင် ပြဿနာ မရှိသော်လည်း ဥပဒေအသစ်အရ သက်ကြီး ပင်စင်နှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့်များအတွက် စဉ်းစားလုပ်ဆောင်သည့် အချိန်တွင်များစွာ အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း၊၂၀ဝ၅ ခုနှစ်ကြိုးမှုတွင် အောင်မြင်မှုမရှိခဲ့ခြင်းမှာလညီ်း Data Entry သွင်းခြင်းကို ပီပြင်အောင် မဆောင်ရွက်နိုင်ခြင်း၊ ပြန်လည်စီစစ်မှု မပြုလုပ်နိုင်ခြင်း၊ Error
များစီစစ်မှုလစ်ဟင်းခြင်းများအပြင် ကျွမ်းကျင်ဝန်ထမ်း နည်းပါးခြင်း များကြောင့်ပင်ဖြစ်ကြောင်း သိရသည်။ လက်ရှိမြန်မာ့ဝန်ကြီးဌာနများရှိ အာမခံ အလုပ်သမား အရေအတွက်မှာ စက်မှုဝန်ကြီးဌာန တွင် အာမခံ အလုပ်သမား (၁၉၄၁) ဦး၊ စွမ်းအင် ဝန်ကြီးဌာနတွင် အာမခံလုပ်သား (၁၇၆၁)ဦး၊ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနတွင် အာမခံလုပ်သား (၁၃၅၁) ဦး၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် အာမခံလုပ်သား (၉၇၂) ဦး၊ အလုပ်သမား ဝန်ကြီးဌာနတွင် အာမခံလုပ်သား (၅၃၁) ဦး၊ သတ္တုတွင်း ဝန်ကြီးဌာနတွင် အာမခံလုပ်သား(၁၉၈)ဦး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် အာမခံလုပ်သား (၈၉) ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား (၁၆၆) ဦး၊ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အာမခံလုပ်သား (၆၅) ဦး နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် အာမခံလုပ်သား (၅၀) ဦး တို့ရှိကြောင်း သိရသည်။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text