Social Icons

Friday 25 January 2013

HTC Butterfly Smart Phone များကို စင်ကာပူ ဈေးကွက်တွင် စတင် ရောင်းချနေပြီဖြစ်


HTC ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် ဟန်းဖုန်း အမျိုးအစားသစ် HTC Butterfly အား ပွဲဦးထွက် အနေဖြင့် ယမန်နှစ် အတွင်းက
ဂျပန်နိုင်ငံ ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချခဲ့ရာ 5-inch အရွယ်အစားရှိ Disply ကြောင့် လူအများ စိတ်ဝင်စားခဲ့ကြသည်။


ယခုအခါ အဆိုပါ HTC Butterfly အမျိုးအစား ဟန်းဖုန်းများအား စင်ကာပူ နိုင်ငံတွင် စတင် ရောင်းချနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ယင်း HTC Butterfly Smart Phone များကို HTC ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသည့် စင်ကာပူ နိုင်ငံရှိ နည်းပညာ ကုမ္ပဏီများ ဖြစ်သော Telcos M1 နှင့် StarHub တို့၏ သက်ဆိုင်ရာ ဆိုင်ခွဲများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ Qualcomm quard-core 1.5 GHz Processor နှင့်အတူ ရှုမြင်ရ လွယ်ကူသော ကြီးမား ကျယ်ပြန့်သည့် Display အမျိုးအစား ဖြစ်သဖြင့် ဈေးကွက်အတွင်း လူကြိုက်များမည့် ဖုန်းအမျိုးအစားများ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

Source: CNet Asia

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text