Social Icons

Friday 25 January 2013

solid-state drives များကို တစ်ခေတ် ဆန်းစေမည့် Windows 8

လွန်စွာ ပါးလျလာသော Windows 8 အသုံးပြု ပစ္စည်းများကြောင့် flash memory ဈေးနှုန်းများကို ကျလာစေသည့် အတွက်
solid-state drive (SSD) ဈေးကွက်ကို နှစ်ဆ ကြီးထွားလာစေကြောင်း ဈေးကွက် သုတေသန လုပ်ငန်းတစ်ခု ဖြစ်သော IHS iSuppli သုတေသန မှတ်စုတစ်ခုတွင် ဖေါ်ပြထားသည်။


Windows 8 အသုံးပြု ultrabook များ ခေတ်စားလာခြင်း ၊ တစ်ဖန် laptops များ ၊ hybrids ကွန်ပြူတာများနှင့် tablets များကို လူသုံးများလာသည့် အတွက် ၄င်းတို့၏ ၀ယ်လိုအား တိုးလာခြင်းနှင့် အတူ flash memory ဈေးနှုန်းများ ကျဆင်းလာကြောင်း IHS ၏ မှတ်ဥာဏ်နှင့် သိုလှောင်မှုဆိုင်ရာ ကျွမ်းကျင်သူ Ryan Chien က ရေးသားခဲ့သည်။ ကမ္ဘာ တစ်ဝှမ်းလုံး SSD ရောင်းချရမှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် ၈၃ သန်းသို့ တိုးမြင့်လာခဲ့ပြီး လွန်ခဲ့သော ၂၀၁၂ ခုနှစ် ကာလက ၃၉ သန်းသာ ရှိခဲ့ကြောင်း Chien က ရေးသားခဲ့သည်။ လာမည့် ၂၀၁၆ ခုနှစ် တွင် SSD ရောင်းချရမှုနှုန်းသည် hard disk drive (HDD) ဈေးကွက်၏ ၄၀% ခန့် ပမာဏ ဖြစ်သော အလုံးရေ (၂၃၉) သန်းခန့်ကို တင်ပို့ ရောင်းချသွားဖွယ် ရှိမည်ဖြစ်ကြောင်း ခန့်မှန်း ရေးသားထားသည်ကို တွေ့ရသည်။


0 comments:

Post a Comment

 

Sample text

Sample Text

Sample Text