Social Icons

Monday 28 January 2013

Virus , Worm နှင့် Trojan horse တို့၏ ကွာခြားချက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-k237SRTmkUuOjfz7p0lWy_Fqzn_jOSk5HGDgkld7U0o0WdTrHC3khc6nU8sR7Xxq-JeoECcU3eXzQZV7gluftbbN2_qdDPddiG-2azDumdxcREYB-4AYxLdKi1FIvK1_TCJkZAz/s1600/virus1.jpg




Virus
Virus ဆိုသည်မှာ ပိုင်ရှင်ကို အသိပေးခြင်း (သို့) ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် မရှိဘဲ ၎င်းတို့
Computer အတွင်းရှိ Data များအား ပျက်စီးဆုံးရှုံးစေသော Program များရေးသားထားသည့်
Computer Program ဖြစ်ပါသည်။ ထို Virus အတွင်း malware, adware နှင့် spyware programs
များကို အသုံးပြုထားပါသည်။ Virus Program များကို Code များဖြင့်ရေးသားထားပြီး Computer
တစ်လုံးနှင့် တစ်လုံး Network ချိတ်ဆက်ခြင်း၊ Internet အသုံးပြုခြင်း၊ Data များအား Floppy disk,
CD ,DVD , နှင့် USB drive များမှတဆင့် ကူးယူမှုများပြုလုပ်သည့် အခါမျိုးတွင် Virus
ပြန့်ပွားနိုင်ပါသည်။ မိမိ၏ Computer အတွင်း Virus ဝင်ရောက်လာပါက တစ်ခါတစ်ရံ Data များအား
ဖွင့်၍ မရဘဲ ဖြစ်နေတတ်ပါသည်။


Malware
Malware ဆိုတာက Malicious နှင့် Software ကိုပေါင်းစည်းထားသည့် စကားစုဖြစ်ပါသည်။
Malicious ၏အစ စကားလုံး Mal နှင့် Software ၏အဆုံး စကားလုံး Ware ကိုပေါင်းစပ်ကာ
Malware ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ Malware ဆိုတာက ပိုင်ရှင်၏သဘောတူခွင့်ပြုချက် မရှိဘဲ
Computer System ကိုပျက်စီး ချို့ယွင်းစေသော Software အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။

Adware
Adware ဆိုတာက Advertising-supported software ဆိုသည့် စကားလုံးမှ
ပေါ်ပေါက်လာခြင်းဖြစ်ပြီး သူကတော့ Software package တစ်မျိုးပင်ဖြစ်ပါသည်။ ထို Adware
အမျိုးအစား software ကို installed လုပ်ပြီးပါက မိမိ၏ Computer အတွင်းသို့ Advertisements
ကြော်ငြာများကိုဖွင့်နိုင်ခြင်း၊ download ဆွဲနိုင်ခြင်းများ အလိုအလျောက် လုပ်ဆောင်ပေးနိုင်သော
Software ဖြစ်ပါသည်။ အချို့ Adware အမျိုးအစားများသည် Spyware များဖြစ်ကြပါသည်။

Spyware
Spyware ဆိုတာက Computer Software အမျိုးအစားတစ်ခုဖြစ်ပြီး အဲဒီ Software အတွင်း
ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် မရှိဘဲ ထိုသူ၏ Personal Computer အတွင်း စုဆောင်းထားသော
သတင်းအချက်အလက်များကို ခိုးကြောင်ခိုးဝှက်ဖြင့် ရယူသော Program တစ်ခုဖြစ်ပါသည်။

Worm
Worm ဆိုတာက တဖြည်းဖြည်းနှင့် ၀င်ရောက်လာပြီး လျှို့ဝှက်ချက် Data များကို
ရယူခြင်းဖြစ်ပါသည်။ ထို Worm အမျိုးအစားသည် Host file များကို အသုံးမပြုသော်လည်း system
တစ်ခုမှ တစ်ခုသို့ replicate (ထပ်ဆင့်ပြန့်ပွားခြင်း) လုပ်ခြင်းဖြင့်ဝင်ရောက်နိုင်သော Programs
များရေးသားထားပါသည်။ Word (သို့မဟုတ်) Excel ဖြင့်ရေးသားထားသော Files (သို့မဟုတ်)
Documents များအတွင်း Worms များဝင်ရောက်နေပါက Computer တစ်လုံးမှ တစ်လုံးသို့
ကူးစက်ပြန့်ပွားနိုင်ပါသည်။ ထို့ပြင် W32.Mydoom.AX@mm သည် Worm အမျိုးအစားပင်ဖြစ်သည်။

Trojan horse
Trojan horse ဆိုတာကတော့ ကွန်ပျူတာအတွင်းတိတ်တဆိတ်ဝင်ရောက်လာပြီး ကွန်ပျူတာ
အတွင်းရှိ သတင်းအချက်အလက်များအား အခြားကွန်ပျူတာအတွင်းသို့ ပြန်လည်ပေး ပို့ခြင်း Data
များအား Copy ကူးယူကာ ခိုးယူခြင်း၊ တို့အပြင် Client Computer ရဲ့ လုပ်ဆောင်ချက် အားလုံးကို
စောင့်ကျပ်ကြည့်ရှုနေနိုင်တဲ့ Program တစ်ခုကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။
Viruses များနှင့်ကွဲပြားချက်မှာ Trojan horse တို့၏ Program များအတွင်း သူတို့အချင်းချင်း
replicate ပြန့်ပွားခြင်းမရှိပါ။ Trojan horse တွင် လိမ်လည်ထားသော Code နံပါတ်များ ပါဝင်ပြီး
သူတစ်ပါး၏ Data များကိုခိုးယူခြင်းအပြင် Data များအားပျောက်ပျက်သွားစေနိုင်ပါသည်။ ကျွန်ုပ်တို့
Computer အတွင်း ထို Trojan horse ၏ Program များအား Attached files ပါသောစာများ
ဖွင့်ခြင်းမှသော်လည်းကောင်း၊ Internet မှ Files များကို ဖွင့်ခြင်း ၊ Download ပြုလုပ် ခြင်းမှတဆင့်
သော်လည်းကောင်းဝင်ရောက်လာနိုင်ပါသည်။ လူသိများသော Trojan.Vundo ဆိုသည် မှာလည်း
Trojan horse အမျိုးအစားပင်ဖြစ်ပါသည်။
ကဲဒီလောက်ဆိုရင်Viurs,Wormနှင့်Trojan horseတို့၏ကွာခြားချက်များကိုနားလည်သဘောပေါက်
လောက်ပြီလို့ မျှော်လင့်ပါတယ်…။ အရာရာအဆင်ပြေပါစေဗျာ……။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text