Social Icons


Myanmar Tech News ကို မိမိ၏ Android ဖုန်းပေါ်တွင်ဖတ်လိုက {ဒီကိုနှိပ်} မှာရယူပါ။ အင်တာနတ်ခဏဖွင့်ယုံဖြင့်offline စာတွေဖတ်လို့ရပါပြီ။ Versions အသစ်များဆက်တင်ပါဦးမည်။

Sunday 24 March 2013

ကွန်ပျူတာနှင့် မောင်းသူမဲ့ လေယာဉ်များကို ထိန်းချုပ်သွားမည့် လက်ပတ်

http://myawady.com.mm/media/k2/items/cache/4645e3b4bb919403a07e82efd997043c_XL.jpg
ကွန်ပျူတာများမှ အစ မောင်းသူမဲ့ လေယာဉ် အများဆုံး နည်းပညာ အဆင့်မြင့် ပစ္စည်းများကို ထိန်းချုပ် သွားနိုင်မည့် လက်ပတ် တစ်မျိုးကို Thalmic ဓာတ်ခွဲခန်းမှ စတင်တီထွင် လိုက်ပြီ ဖြစ်သည်။
MYO ဟု အမည်ပေး ထားသော အဆိုပါ လက်ပတ်ကို ၀တ်ဆင်ထားမည် ဆိုရင်လျှင် လက်များကို လိုသလို လှုပ်ရှားရုံဖြင့် ကွန်ပျူတာများကို အလွယ်တကူ ထိန်းချုပ်နိုင် တော့မည် ဖြစ်သည်။ အဆိုပါ လက်ပတ်သည် လက်လှုပ်ရှားမှု များသာမက ကြွက်သား လှုပ်ရှားမှု များကိုပါ အသေးစိတ် သိရှိတုံ့ပြန်နိုင် သောကြောင့် ကွန်ပျူတာ များကို လက်ဖြင့် အချက်ပြပြီး ကြိုးမဲ့ ကွန်ရက်ဖြင့် ချိတ်ဆက်ကာ ထိန်းချုပ်နိုင်သည်။ အဆိုပါ လက်ပက် Application ကို ဒန်းဒရွိုင်နှင့် အိုင်ဖုန်းများဖြင့် ချိတ်ဆက် အသုံးပြုနိုင်အောင် စီစဉ် ထားသောကြောင့် ဗီဒီယို ကြည့်ရှုခြင်း၊

Saturday 23 March 2013

ယာဉ်တိုက်မှု ကာကွယ်နိုင်သော နည်းပညာသစ် တစ်မျိုး သိပ္ပံ ပညာရှင်များ တီထွင်

http://myawady.com.mm/media/k2/items/cache/f57a64c377f48571192a9c16db50ad1a_XL.jpg

ယာဉ်တိုက် မှုများကို ကာကွယ်ခြင်းဖြင့် မရေတွက် နိုင်သော လူသားများ၏ အသက်ကို ကယ်တင်နိုင်သည့် နည်းပညာသစ် တစ်မျိုးကို သိပ္ပံ ပညာရှင်များက တီထွင် လိုက်ကြောင်း သိရသည်။
၎င်းနည်းပညာသည် ကျိုင်းကောင်၏ အမြင်အာရုံ လှုံ့ဆော်မှု စနစ်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ အဆိုပါ အင်းဆက်များသည် မြင့်မားသော အရှိန်ဖြင့် အုပ်စုလိုက် ပျံသန်းစဉ်တွင်  တစ်ကောင်နှင့် တစ်ကောင် တိုက်မိခြင်းကို ရှောင်ရှားရာ၌ အထောက်အပံ့ ဖြစ်စေသည့် ကြိုတင် သတိပေး စနစ်ကိုပိုင်ဆိုင်ထားသည်။

Friday 22 March 2013

Google အကြီးအကဲ မြန်မာခရီး အိုင်တီလုပ်ငန်းရှင်တွေကြိုဆို

     ခုလို Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအ လာ  တွေ မြန်မာနိုင်ငံအတွက် ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင် လွတ်လပ် လာချိန် မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင် သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေ တယ်ကြတယ်လို့ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ကိုသောင်းစုငြိမ်းက ဆိုပါတယ်။

Wednesday 20 March 2013

ပိုမိုပါးလျစွာ ထွက်ပေါ်လာမည့် Lenovo ThinkPad T431s

ThinkPad T431s သည် Lenovo ThinkPad T စီးရီးထဲတွင် ပိုမိုပါးလျစွာ ထွက်ပေါ်လာသည့် ၁၄ လက်မအရွယ် laptop တစ်ခုဖြစ်ကြောင်း
ဆန်ဖရန်စစ္စကိုရှိ Engadget Expand တွင် ကြေညာခဲ့သည်။ Lenovo ၏ stable ဗားရှင်းများထဲတွင် ယခင် ထုတ်လုပ်ခဲ့သည့် ThinkPad X1 သည် အပါးလျဆုံး ဖြစ်သည်။

Sunday 24 February 2013

Apple ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသူများကြောင့် မြစ်ရေ ညစ်ညမ်းမှုကို ဖြစ်စေ

http://pyae-phyo.blogspot.com
Apple ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီ တစ်ခုမှ ရှန်ဟိုင်းမြစ် ပျက်ဆီးခြင်းနှင့် စွန့်ပစ် ပစ္စည်းများကြောင့်
မြစ်ရေ ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် အတွက် ဒဏ်ရိုက်ခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ပြောကြားခဲ့သည်။

Saturday 23 February 2013

Facebook အဟက်ခံရ သို့သော် user များ၏ အချက်အလက် ပါမသွားခဲ့

HACKEDကမ္ဘာ့ အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက်ဖြစ်သည့် Facebook အား ဟက်ကာများက ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း user များ၏ သတင်း အချက်အလက်များ ရယူသွားနိုင်ခြင်း မရှိခဲ့ဟု Facebook လုံခြုံရေးအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

Microsoft ရဲ့  စမတ်ဖုန်းဈေးကွက်ဟာ အမှားတစ်ခုပါ - ဘီလ်ဂိတ်



မကြာသေးမီက CBS နဲ့ အင်တာဗျူးတော့ ဘီလ်ဂိတ်ဆီက ထွက်လာတဲ့ စကား ဖြစ်ပါတယ်။

စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာခြင်းဟာ အမှားတစ်ခုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလာတော့ စီအီးအို Steve Ballmer  မျက်နှာ ဘယ်နား သွားထားတော့မလဲလို့တောင် Comment တွေတက်ခဲ့ပါတယ်။

ပြောလည်းပြောလောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ Windows Phone OS သုံးတဲ့ စမတ်ဖုန်း တစ်လုံး ရှာပြပါဆိုရင် တော်တော်လေး မိုဘိုင်းဖုန်း ဆိုင်အနှံ့ သွားရမယ့် ကိန်းရှိပါတယ်။ Windows Phone 8 OS သုံးပါတယ် ဆိုတဲ့ Nokia Lumia နောက်ဆုံးထွက်တွေ လိုချင်ပါတယ် ဆိုရင်တောင် ဘယ် တော်ရုံ မိုဘိုင်းဖုန်းဆိုင်မှ အော်ဒါ မမှာပေးရဲပါဘူး။ မမှာပေးရဲတာ မဟုတ်ပါဘူး။ မှာရခက်တာ ဖြစ်ပါတယ်။

Window Version သမိုင်းကြောင်း

ဒါက ၀င်းဒိုးအကြောင်းတွေပါ။ အားရင် ဗွီဒီယိုနဲ့ ပြပါဦးမယ်။ အဆင်ပြေပါစေ။

WINDOWS 1.0 ------>16 Bit Os (1985)

WINDOWS 2.0 ------>16 Bit Os

WINDOWS 3.0 ------>16 Bit Os (1990)

WINDOWS 3.1 ------>16 Bit Os (1992)

Nokia က ထုတ်မည့် ပစ်တိုင်းထောင် ဖုန်း



ပစ်တိုင်းထောင်တော့ မဟုတ်ပါဘူး။ Nokia Kinetic Concept Phone လို့ခေါ်ပါတယ်။ ဒီဇိုင်းအရပဲ ရှိပါသေးတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဘယ်လို Positon ထားထား အဆင်ပြေနေမယ့် ဖုန်း ဖြစ်ပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အပင်ပန်းခံ ထုတ်မှာတော့ မဟုတ်ပါဘူး။ သူ့မှာ electro-magnet ပါဝင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့  ဝိတ်အလေးချိန် မျှဝေမှု သဘောတရားကို သူက အလုပ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းအဝင်၊အထွက်တွေ ကို ဖြေကြားဖို့အတွက်လည်း ခလုပ်နှိပ်စရာမလိုပဲ လွယ်ကူမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။

Wednesday 20 February 2013

How to hack SEO for your blog?












SEO ကို hack လုပ်တယ်ဆိုတာ.. ( Serach Engine Optimization ) ပါ..။ မိမိ blog ကို.. Google မှာရှာရင်.. ထိပ်ဆုံးမှာရအောင်.. hack တာလေးပါ..။ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး.. :)
ဘယ်လိုလုပ်ရမလဲဆိုရင်... နည်းလမ်းတွေကတော့...အများကြီးရှိပါတယ်..။ အဲ့ထဲမှာမှ.. အလွယ်ဆုံးနည်းကို..ပြောပြမှာပါ...........

Tuesday 12 February 2013

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သူ


Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၀ နောင်းပိုင်းကစလို့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျောက်ကပ်တစ်ခုလုံး အလုပ် မလုပ်တော့တဲ့ အထိကို ဆိုးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ရေတွေကို ဆုပ်ထုပ်ပါမယ်။ လိုအပ်တဲ့ ရေနဲ့ သွေးကို ပြန်လည် အစားသွင်းပေးရပါမယ်။ ဒီအတွက် Dialysis ဆိုတဲ့ စက်ကို အသုံးပြုရ မှာ ဖြစ်ပြီး တရုတ်ပြည်က သာမန်လူတစ်ယောက်တောင် ငှားမသုံးနိုင်ပါဘူး။

တစ်စက္ကန့်တိုင်း Samsung တီဗီ ၁၀လုံး ရောင်းချနေရ



မိုနာကိုနိုင်ငံမှာ ကျင်းပတဲ့ Samsung အီးယူ ဖိုရမ်မှာ President K Yoon ကိုယ်တိုင် ပြောကြားခဲ့တဲ့ စကား ဖြစ်ပါတယ်။

K Yoon ရဲ့  ပြောကြားချက်အရ ၁ မိနစ်တိုင်းကို Samsung တီဗီ ၃ လုံးရောင်းချ နေရပြီး ဈေးကွက် လိုအပ်ချက်အတွက် အလျင်မှီထုတ်လုပ်ရတဲ့ အနေအထားဖြစ်ကြောင်း ဆိုပါတယ်။ ဒါက Samsung ဟာ မိုဘိုင်ဖုန်းမှာ တင်မကပဲ အခြားသော အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရောင်းချရမှု မှာလည်း ထိပ်တန်းပြေးနေတယ်လို့ ပြောဆိုလိုက်ခြင်း ပဲ ဖြစ်ပါတယ်။

iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်



Apple က တရားဝင် မထုတ်ပြန်ရသေးပေမယ့် Source တော်တော်များများ ကတော့ iOS 6.1 ကို အသုံးမပြုဖို့ တားမြစ်နေပြီ ဖြစ်ပါတယ်။

iOS 6.1 ဟာ ဘက်ထရီ အကုန်မြန်စေခြင်း၊ အပူချိန် လွန်ကဲစေခြင်း ဆိုတဲ့ အချက် နှစ်ချက်ကြောင့်မို့ ဖြစ်ပါတယ်။ အထူးသဖြင့် iPhone 4s နဲ့ မတည့်ပါဘူး။ ဒါကြောင့် iPhone 4s အသုံပြုသူများအနေနဲ့ iOS 6.1 ကို upgrade မလုပ်ကြသေးဖို့ အထူး သတိပေးချက် ထုတ်ပြန်ကြပါတယ်။

Apple iWatch (i နာရီ) နှစ်လယ်တွင် ထွက်ရှိမည်


Apple က တရားဝင်မကြေညာရသေးသည့်တိုင် နှစ်လယ်မှာ ထွက်ရှိမယ် ဆိုတဲ့ သတင်းကတော့ နေရာ တိုင်းမှာ ပြန့်နေပါတယ်။

စမတ်နာရီအမျိုးအစား ဖြစ်မယ့် iWatch ဖြစ်ပြီး iOS ထည့်သွင်းထားမယ့် နာရီ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းအသေးစား တစ်လုံးလိုကို အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။ မတ်ဆေ့ခ်ျပို့တာမျိုး၊ စာဖတ်တာမျိုး၊ Alarm ပေး၊ မြေပုံကြည့်၊ ဆိုရှယ်နတ်ဝေါ့ခ် အသုံးပြုခြင်းတို့ ရမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Passbook လို ဒီဂျစ်တယ် ခရက်ဒစ်ကဒ် သဘောမျိုးတောင် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ

http://pyae-phyo.blogspot.com
ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင် ပါဘူး။ ဒါပေမယ့် အခက်ကြီး လို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာ လေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေ ဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်း သိလိုက်တာနဲ့ အားလုံး အဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။ ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာ အတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ် လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက် ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိ နည်းကျကျ ဆင်ခြင်တွေးခေါ် နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံ လေးတွေ နည်းနည်း လိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်း သင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်း အနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာ မဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့် တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။ အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။

Gmail Password အခိုးခံရခြင်းနှင့် Disable အကြောင်း

ဒါက အောင်အောင်(မကစ) ဆီကယူထားတာပါ။ ဒါက နည်းဟောင်းလေးပါ။ ခုထက်ထိ အသုံးဝင်သေးပါတယ်။ နည်းနည်းပုံစံပြောင်းတာကလွဲလို့ပေါ့။
http://pyae-phyo.blogspot.com
အခုဖြေရှင်းပေးနေရတဲ့ပြသနာလေးတွေပါ
တစ်ယောက်လာပီးပြောသွားလိုက် နှစ်ယောက်လာပီးပြောသွားလိုက်နဲ့ နဲ့မလို့ပါ တစ်ယောက်လာပြောပျံပီ အကောင့်သူများခိုးသွားလို့တဲ့ တကယ်တမ်းတော့ ကိုယ့်အကောင့်ကို ဘယ်သူမှမခိုးပါဘူး ခိုးပီးတော့ကောဘာလုပ်မှာလည်း တစ်ချို့ကတော့ ထောက်ချောက်ဆင်တက်ကြတယ် အဲ့ဒါကတော့ Gmail အတုတွေရယ် Mail ထဲဝင်လာတဲ့ Mail ကို Recover လုပ်မလားဆိုတဲ့မေးကို သွားဖွင့်ပီးတော့ UserName နဲ့ Password ကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ်
နောက်တစ်ခုကတော့ KeyLogger ကိုစက်ထည်းသွင်းထားလို့ဖြစ်ပါတယ် တကယ်တမ်းတော့ အဲ့ဒါတွေအားလုံးဟာ အလှူလာခံကြတယ်လို့ပဲပြောရမှာပေါ့ (User Name နဲ့ Password အလှူခံသည်)အဲ့လိုအော်ပီးတော့ကိုဝင်လာကြတာပါ

Sunday 10 February 2013

စွမ်းဆောင်ရည် မြင့်မားသည့် Archos 97 Titanium HD အမျိုးအစား TABLET

http://pyae-phyo.blogspot.com

Archos 97 Titanium HD Tablet အမျိုးအစားသည် နောက်ဆုံး ထုတ်လုပ်လိုက်သည့် Tablet အမျိုးအစား ဖြစ်သည်။
9.7 လက်မ အရွယ်အစား ရှိသည့် ယင်း Tablet ၏ ကိုယ်ထည်ကို Aluminium သတ္တု အပြောင်စားဖြင့် ပြုလုပ်ထားရှိပြီး OS တွင် window 4.1 ဗားရှင်း အမျိုးအစားကို အသုံးပြုထားသည်။

အငြင်းပွားနေသည့် မူပိုင်ခွင့် ကိစ္စ Microsoft ကုမ္မဏီ အနိုင်ရရှိ


http://pyae-phyo.blogspot.com

ကမ္ဘာကျော် Microsoft ကုမ္မဏီမှ မိုဘိုင်း ကုမ္မဏီ တစ်ခုဖြစ်သည့် Motorola အား မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားရာ
အမေရိကန် ဗဟို တရားရုံးမှ ယနေ့တွင် အပြီးသတ် အမိန့် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဒစ်ဂျစ်တယ် ဗွီဒီယို လျှို့ဝှက်စာဖြင့် ရေးခြင်း ၊ ၀ှက်စာဖော်ခြင်း အပါအ၀င် အမှု ၁၃မှုဖြင့် တရားစွဲဆိုခံရသည့် Motorola အနေဖြင့် သူ၏ ကွန်ပြူတာ ကုဒ်စနစ် လုပ်ဆောင်ပုံများ ၊

Saturday 9 February 2013

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်

ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ဒီဘက် နှစ်ဖက်စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ ရ မှာ ဖြစ်ပါတယ်။

ဈေးနှုန်းသက်သာ Samsung Galaxy Fame

Samsung Galaxy Ace ကိုလူကြိုက်များခဲ့သလို Galaxy Fame ကလည်း နေရာ တစ်ခုရမယ်လို့ Samsung က ယုံထားပါတယ်။ Y နေရာမှာ Young , Ace နေရာမှာ Fame လို့ ပြောဆိုနေကြပါပြီ။ လာမယ့် မတ်လမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၇၉၉ ဖြင့် စတင် ရောင်းချမည့် 128 GB သိုလှောင် ပမာဏရှိသော ipad အသစ်

 Apple ကုမ္ပဏီက 128GB သိုလှောင် ပမာဏရှိသော ipad အသစ်ကို ၄င်း၏ Online စတိုးနှင့် လက်လီ အရောင်းဆိုင်များမှ တစ်ဆင့်
စတင် ရောင်းချသွားမည် ဖြစ်သည်။ အချက်အလက် အများအပြား သိုလှောင်နိုင်မည့် ၄င်း ipad အသစ်ကို ၀ယ်ယူရန် ipad ချစ်သူများ စိတ်လှုပ်ရှားနေကြသည်။

e-commerce ထုတ်လွှင့်ရန် Google website အား Channel Intelligence မှ အမေရိကန် ဒေါ်လာ ၁၂၅ မီလီယံ ပေးဝယ်ခဲ့

Channel Intelligence မှ အမေရိကန် e-commerce ကုမ္ပဏီဲ အစီအစဉ် ထုတ်လွှင့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းအစီအစဉ်ကို Google တွင် ၀င်ရောက် ကြည့်ရှု လေ့လာ နိုင်ကြမည် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် BlackBerry နောက်ဆုံးထုတ် မိုဘိုင်းဖုန်းများ ရောင်းချမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား

ကနေဒါ အခြေစိုက် BlackBerry မိုဘိုင်းဖုန်း ကုမ္ပဏီက ၎င်းတို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း မော်ဒယ်ကို ဂျပန်နိုင်ငံမှာ ရောင်းချသွားမှာ မဟုတ်ကြောင်း
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အကြောင်းရင်း ကတော့ ဂျပန်နိုင်ငံဟာ BlackBerry မိုဘိုင်း ကုမ္ပဏီရဲ့ အဓိက အရေးပါတဲ့ ဈေးကွက် တစ်ခု မဟုတ် တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့က BlackBerry ကုမ္ပဏီဟာ ၎င်းရဲ့ ဆော့ဖ်ဝဲလ် အသစ် သုံးထားတဲ့ စမတ်ဖုန်း မော်ဒယ် အသစ်ကို ပွဲထုတ် ပြသခဲ့တာ ဖြစ်ပါတယ်။

Apple 4S သုံးဆွဲသူများကို iOS 6.1 သို့မပြောင်းအောင် Vodafone ကသတိပေး

http://myanmartechnews.blogspot.com
iOS 6.1 ထွက်တာမှ သိပ်မကြာသေးပါဘူး။ အခက်အခဲအမျိုးမျိုးရှိတဲ့ iOS 6.1 လို့ နိုင်ငံတကာ ကပါ ဆိုလာပါပြီ။ နောက်ဆုံးပေါ်လို့ပြောသံပါပဲ။ လွန်ခဲ့တဲ့ ၁ပတ်က iOS 6.1 ထွက်လာပြီး ပုံစံအသစ်တွေပြောင်းလာတယ်ဆိုတာပဲ။ ပြဿနာကတော့ Vodafone 3G Network မှာပါ။

 

Sample text

Sample Text

Sample Text