Anonymous အုပ်စုတွင် ပါဝင်သော Hacker တစ်ဦးသည် PayPal၊ Visa၊ MasterCard နှင့် အခြားကုမ္ပဏီ အင်တာနက် စာမျက်နှာတို့ကို
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဗြိတိသျှ အကျဉ်းထောင်တွင် (၁၈) လ ကျခံရမည် ဖြစ်သည်။
အသက် (၂၂) နှစ် အရွယ် Christopher Weather head သည် ထောင်ဒဏ် (၁၈) လ ကျခံရမည် ဖြစ်ပြီး ၊ အခြားဟက်ကာ တစ်ဦးဖြစ်သူ Ashley Rhodes က ထောင်ဒဏ် (၇) လ ကျခံရမည် ဖြစ်ကြောင်း BBC သတင်း ဌာနက ပြောကြားခဲ့သည်။ အဆိုပါ ပြစ်မှု ထင်ရှားသူ နှစ်ဦးစလုံးသည် ဗြိတိန် နိုင်ငံတွင် ပထမဦးဆုံး distributed denial of service (DDoS) တိုက်ခိုက်မှုနှင့် ပြစ်ဒဏ် စီရင်ခံရခြင်း ဖြစ်ကြောင်း BBC သတင်းဌာနက ပြောကြားခဲ့သည်။

0 comments:
Post a Comment