Social Icons

Friday 25 January 2013

ပြင်သစ် တရားရုံးမှ လူမျိုးရေး ခွဲခြားမှုကို လှုံ့ဆော်သော Twitter သုံးစွဲသူများကို ဖော်ထုတ်ပေးရန် အမိန့်ချမှတ်

လူမျိုးရေး ခွဲခြားရေး (သို့မဟုတ်) ဂျူးနွယ်ဖွားများအား ဆန့်ကျင်ရေးကို လှုံ့ဆော်သော twitter သုံးစွဲသူများ၏ သတင်း အချက်အလက်ကို
ရဲတပ်ဖွဲ့ထံ ပေးအပ်ရန် ပြင်သစ် တရားရုံးက ဇန်န၀ါရီလ (၂၄) ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ Twitter တွင် ပြောကြားမှု အများအပြားသည် ပြင်သစ်နိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျော်လွန်ကာ ဥပဒေဖြင့် တားမြစ်ထားသော မုန်းတီးရေး လှုံ့ဆော်မှု (hate speech)ကို ဖြစ်စေကြောင်း ပြင်သစ် ဂျူးကျောင်းသား ကျောင်းသူများ သမဂ္ဂ (France's Union of Jewish Students - UEJF) က ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပါရီမြို့ရှိ တရားရုံးသို့ လျှောက်ထားခဲ့သည်။

အဆိုပါ သမဂ္ဂသည် Twitter အား ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် လွှင့်တင်လိုက်သော ဂျူးနွယ်ဖွားများအား ဆန့်ကျင်ရေး မက်ဆေ့ခ်ျများကို ပိုမို ထိန်းချုပ်ပေးရန် တောင်းဆိုခဲ့သည့် အတွက် Twitter
သည် ပြင်းထန်သော tweets အချို့ကို ဖယ်ရှားပေးခဲ့သည်။ ၎င်းသမဂ္ဂက တရားရုံးသို့ လျှောက်ထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ Twitter မှ post အချို့ကို ရေးသားသူများအား ဖော်ထုတ်နိုင်ရန် အတွက် Twitter အား ဖိအားပေးလိုခြင်း ဖြစ်သည်။  တရားရုံး၏ ယခု ဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံ နယ်နိမိတ် အတွင်းတွင် Twitter website က လိုက်နာ ဆောင်ရွက်ရမည် ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်း၌ ဂျာမနီ အစိုးရ၏ မေတ္တာရပ်ခံချက်အရ ဂျာမနီ နိုင်ငံ အတွင်းရှိ နာဇီလိုလားသော အုပ်စုတစ်စု၏ account ကို Twitter က ရပ်စဲခဲ့သည်။ ၂၀၁၂ ခု ဒီဇင်ဘာလအထိ Twitter သုံးစွဲသူ ဦးရေသည် သန်း (၂၀၀) ခန့် ရှိသည်။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text