Social Icons

Friday 1 February 2013

တန်ဖိုးနည်း iphone ထုတ်လုပ်မည့် ပုံစံ အသေးစိတ်အား ဖော်ပြ

Apple သည် တန်ဖိုးနည်း iphone များ လုပ်ဆောင်လျှက် ရှိကြောင်း လွန်ခဲ့သော သီတင်းပတ်က ilounge သတင်းစာ မျက်နှာတွင် ဖော်ပြခဲ့သည်။
ယခုအခါ အဆိုပါ သတင်း၏ နောက်ဆက်တွဲကို ထုတ်ပြန်ခဲ့ပြီး ၊ အသေးစိတ် သတင်း အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။ တန်ဖိုးနည်း iphone သည် iPhone 5 ၊ new iPod touch  နှင့် iPod Classic တို့ကို အခြေခံ ပြုလုပ်မည် ဖြစ်ပြီး အစိတ်အပိုင်း အများစုကို ပလတ်စတစ်ဖြင့် ပြုလုပ်သွားမည်ဟု ၄င်းသတင်းတွင် ဖော်ပြခဲ့သည်။


အဆိုပါဖုန်းသည် အရှေ့ဖက်က ကြည့်လျှင် iPhone 5 နှင့် အလွန် ဆင်တူပြီး ၊ ကွဲပြားသွားသည့် ပုံစံကို ဘေးဖက် တစ်ဖက်တစ်ချက်တွင် တွေ့နိုင်ကြောင်း ၊ ဥပမာဆိုရသော် အတိုးအကျယ် ခလုတ်သည် လုံးဝန်းမနေပဲ iPhone 3G/3GS တွင် တွေ့ရသည့် အနိမ့်အမြင့် ပုံစံမျိုး ခလုတ်များကို တွေ့မြင်ဖွယ် ရှိသည်ဟု ဖော်ပြခဲ့သည်။ ကျောဖက်အဖုံးနှင့် ဘေးဖက်သည် ပြားမည်ဖြစ်ပြီး ထောင့်ချိုး အကွေးများသည် iPhone 5 နှင့် ဆင်တူသော်လည်း အဆိုပါ ဖုန်းပုံစံသည် new iPod touch ပုံစံကို ရယူထားသည်ဟု ဆိုသည်။

http://isource.com/2013/01/28/rumors-of-a-low-cost-iphone-and-its-design...

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text