
Apple က တရားဝင်မကြေညာရသေးသည့်တိုင် နှစ်လယ်မှာ ထွက်ရှိမယ် ဆိုတဲ့ သတင်းကတော့ နေရာ တိုင်းမှာ ပြန့်နေပါတယ်။
စမတ်နာရီအမျိုးအစား ဖြစ်မယ့် iWatch ဖြစ်ပြီး iOS ထည့်သွင်းထားမယ့် နာရီ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းအသေးစား တစ်လုံးလိုကို အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။ မတ်ဆေ့ခ်ျပို့တာမျိုး၊ စာဖတ်တာမျိုး၊ Alarm ပေး၊ မြေပုံကြည့်၊ ဆိုရှယ်နတ်ဝေါ့ခ် အသုံးပြုခြင်းတို့ ရမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Passbook လို ဒီဂျစ်တယ် ခရက်ဒစ်ကဒ် သဘောမျိုးတောင် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
လာမယ့် ဇွန်လလောက် ထွက်ရှိမယ်လို့ ဆိုပါတယ်။ Smart Watch ထုတ်လုပ်တဲ့ ကုမ္မဏီများနဲ့အပြိုင် Apple က နောက်ထပ် တစ်ခုတိုးလာပြီး နာရီဈေးကွက်ကိုပါ ခြယ်လယ်လာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
 


 
 
 
 
 
 
 
 

0 comments:
Post a Comment