Social Icons

Friday 1 February 2013

PS4 ကောလဟာလများကြား ဖေဖေါ်ဝါရီလတွင် Playstation အမှတ်တရ ပွဲတစ်ခု ပြုလုပ်မည့် Sony

PS4 ကောလဟာလများ ထွက်နေသည့် ကြားထဲ အမေရိကန် နိုင်ငံတွင် Playstation အမှတ်တရ ပွဲတစ်ခုကို Sony က ဖေဖေါ်ဝါရီလထဲတွင်
ပြုလုပ်သွားမည် ဖြစ်သည်။ ကုမ္ပဏီ၏ ဂိမ်းဌာနခွဲ ဖြစ်သော sony ကွန်ပြူတာ ဖျော်ဖြေရေး ဌာနခွဲမှ ဖေဖေါ်ဝါရီလ (၂၀) ရက်စွဲနှင့်အတူ အသိခက်သော ဗီဒီယိုဖိုင်တစ်ခု တင်ပြခဲ့သည်။



အဆိုပါ ဗီဒီယိုတွင် Playstation ဂိမ်းလက်ကိုင်များပေါ်တွင် ဖော်ပြမည့် သင်္ကေတ (၄) ခု၏ အနီးကပ် ပုံများကို ဖော်ပြထားသည်။ အင်တာနက် စာမျက်နှာ၏ ခေါင်းစဉ်မှာ ၂၀၁၃ ဆွေးနွေးပွဲ ဖြစ်ပြီး ၊  နယူးယောက်တွင် ကျင်းပသွားမည်ဟု ဖေါ်ပြထားသည်။ Sony ကုမ္ပဏီ CEO Kazuo Hirai နှင့် SCE CEO Andrew House တို့က နောက်ထွက်မည့် PS4 ဂိမ်းစက် အသစ်ကို မည်သည့်နေ့တွင် စတင် ဈေးကွက်တင်မည် ဆိုသည်ကို ပြောကြားခဲ့ခြင်း မရှိပေ။
http://www.computerworld.com/s/article/9236422/Sony_PlayStation_event_se...

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text