Social Icons

Wednesday 20 March 2013

ပိုမိုပါးလျစွာ ထွက်ပေါ်လာမည့် Lenovo ThinkPad T431s

ThinkPad T431s သည် Lenovo ThinkPad T စီးရီးထဲတွင် ပိုမိုပါးလျစွာ ထွက်ပေါ်လာသည့် ၁၄ လက်မအရွယ် laptop တစ်ခုဖြစ်ကြောင်း
ဆန်ဖရန်စစ္စကိုရှိ Engadget Expand တွင် ကြေညာခဲ့သည်။ Lenovo ၏ stable ဗားရှင်းများထဲတွင် ယခင် ထုတ်လုပ်ခဲ့သည့် ThinkPad X1 သည် အပါးလျဆုံး ဖြစ်သည်။


T431s သည် အလွန် စွဲဆောင်မှုရှိသော အသွင် မဟုတ်သော်လည်း X1 Carbon ထံမှ ပုံစံတစ်ချို့ကို ရယူထားသည်။ အလေးချိန် (၃.၆) ပေါင် ၊ ကိုယ်ထည်အထူ (၀.၈၂) လက်မရှိကာ အပေါ်ဖက် carbon-fiber အဖုံးနှင့် အောက်ဖက် magnesium အဖုံးတို့ဖြင့် ပြုလုပ်ထားသည်။ X1 မှာကဲ့သို့ backlit island/chiclet ကီးဘုတ် တပ်ဆင်ပါရှိပြီး ၊ အရွယ်အစား ကြီးမားသော five-clickpoint ဖန်သား multitouch trackpad ပါရှိသည်။ trackpad အရွယ်အစား ကြီးမားသည့် အတွက် Windows 8 အသုံးပြုရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေမည် ဖြစ်သည်။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text