Social Icons

Sunday 24 February 2013

Apple ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသူများကြောင့် မြစ်ရေ ညစ်ညမ်းမှုကို ဖြစ်စေ

http://pyae-phyo.blogspot.com
Apple ကုမ္ပဏီ အတွက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီ တစ်ခုမှ ရှန်ဟိုင်းမြစ် ပျက်ဆီးခြင်းနှင့် စွန့်ပစ် ပစ္စည်းများကြောင့်
မြစ်ရေ ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည့် အတွက် ဒဏ်ရိုက်ခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပုဂ္ဂိုလ်များမှ ပြောကြားခဲ့သည်။


RiTeng ကွန်ပျူတာ ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီမှ ရေနုတ်မြောင်း အတွင်း စွန့်ပစ် အရည်များသည် စီးဆင်းလာမှုကြောင့် Songjiang ခရိုင်အတွင်းရှိ Shanghai မြစ်အတွင်း ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည်။ Taiwan ကုမ္ပဏီခွဲ ဖြစ်သည့် Pegatron Crop ကုမ္ပဏီသည် ပတ်ဝန်းကျင် ဆူညံမှု ၊ မသင့်တော်သည့် စွန့်ပစ် ပစ္စည်းများနှင့် ပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ပြုလုပ်ထားသည်။ Songjiang ခရိုင်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဌာနမှ ရေနုတ်မြောင်းအတွင်း စွန့်ပစ်ပစ္စည်းများ ကျန်ရှိနေမှုများကို ရှင်းလင်းရန်နှင့် ရေဆိုးရေညစ် စီးဆင်းမှုများကို စနစ်တကျ လုပ်ကိုင်ရန် ကုမ္ပဏီများအား အမိန့် ထုတ်ထားသည်။ အချို့ ကုမ္ပဏီများသည် ဒေသတွင်း ပတ်ဝန်းကျင် ဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာသည့် အနေဖြင့် ထုတ်လုပ်မှုများအား ရပ်ဆိုင်းခဲ့ကြသည်။   

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text