Social Icons

Saturday 9 February 2013

အမေရိကန် ဒေါ်လာ ၇၉၉ ဖြင့် စတင် ရောင်းချမည့် 128 GB သိုလှောင် ပမာဏရှိသော ipad အသစ်

 Apple ကုမ္ပဏီက 128GB သိုလှောင် ပမာဏရှိသော ipad အသစ်ကို ၄င်း၏ Online စတိုးနှင့် လက်လီ အရောင်းဆိုင်များမှ တစ်ဆင့်
စတင် ရောင်းချသွားမည် ဖြစ်သည်။ အချက်အလက် အများအပြား သိုလှောင်နိုင်မည့် ၄င်း ipad အသစ်ကို ၀ယ်ယူရန် ipad ချစ်သူများ စိတ်လှုပ်ရှားနေကြသည်။



သို့သော် ipad အသစ်သည် လုပ်ဆောင်ချက် အသစ်များ ၊ ပုံစံဒီဇိုင်း အသစ်များဖြင့် ထွက်ပေါ်လာခြင်း မဟုတ်ပဲ လက်ရှိ ipad4 ၏ ပုံစံနှင့် လုပ်ဆောင်ချက်အတိုင်း ထွက်ပေါ်လာမည် ဖြစ်သည်။ သို့သော် သိုလှောင်မှု နှစ်ဆဖြင့် ထွက်ပေါ်လာမည် ဖြစ်သောကြောင့် အသုံးပြုသူများသည် ၄င်းတို့၏ အရွယ်အစား ကြီးမားသော ဂိမ်းများ ၊ သီချင်းနှင့် ရုပ်ရှင် အများအပြားကို နောက်ထပ် အပိုဆောင်း ထည့်လိုက်သည့် နေရာလွတ်များတွင် စုစည်းထားနိုင်မည် ဖြစ်သည်။ Apple က နောက်ဆုံးထုတ်ခဲ့သော ipad သည် သိုလှောင်မှု 64GB ရှိကြောင်း သိရသည်။

http://www.valuewalk.com/2013/02/apple-inc-aapl-new-128gb-goes-on-sale-p...

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text