Social Icons

Sunday 3 February 2013

Samsung Galaxy S3 ဆိုတာ


309798 577317212297786 2124829000 n 
၂၀၁၂ ခုနှစ်ရဲ့  ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ လယ်လောက်ထိ စစ်တမ်းအရ စုစုပေါင်း အလုံးရေ သန်း ၄၀ ကျော် ရောင်းချရပြီး ဖြစ်ပါတယ်။ မထွက်ရှိခင်ကတည်းက အော်ဒါမှာသူ ၉ သန်းကျော်တယ်ဆိုတော့ ဒီရောင်းအား ရှိလာမယ်ဆိုတာ အားလုံး ခန့်မှန်း ပြီးသား ဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း ဈေးသက်သက်သာသာနဲ့ ရရှိနေပါပြီ။ ယခု ဇန်နဝါရီလ လယ်နောက်ပိုင်း ဈေးအရ ကျပ် ၃ သိန်းခွဲ ဝန်းကျင်သာ ရှိပါတော့တယ်။ ဈေးနှုန်းသင့်တင့်ပြီး ကမ္ဘာ့လူကြိုက်များဖုန်း ဆိုတော့ မြန်မာပြည်မှာလည်း ရေပန်းစားတဲ့ ဖုန်း ဖြစ်ပါတယ်။
Network
ွGSM ဆို 2G, HSDPA မှာ 3G, LTE ထောက်ပံ့တဲ့ 4G အစရှိသဖြင့် Network အားလုံးနဲ့အဆင်ပြေပါတယ်။ မြန်မာပြည်မှာလည်း လိုင်းစွဲအား ကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။
ဆင်းကဒ်
မိုက်ခရိုဆင်းကဒ်ထည့်ရပြီး ကဒ်ချိုးရပါတယ်။ သို့ပေမယ့် ဒါဟာလည်း ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ မိုက်ခရိုဖြစ်အောင် ဆိုင်တိုင်းက ဝန်ဆောင်မှု ပေးလို့ ချိုးပေးပါတယ်။

Announced     2012, May
Status     Available. Released 2012, May
Operating System
Android 4.0.4 နဲ့ထုတ်ပေမယ့် အချိန်နဲ့ တပြေးညီ Upgrade လုပ်နိုင်ပါတယ်။ ယခုဆိုရင် Jelly Bean ဗားရှင်းနဲ့ ရရှိနေပြီ ဖြစ်ပါတယ်။
မျက်နှာပြင်
Super AMOLED ထိတွေ့မျက်နှာပြင်ဖြစ်ပြီး Samsung ရဲ့  ကောင်းချက် တွေထဲမှာ ရုပ်ထွက် ကြည်လင်ပြတ်သားတာလည်း ပါဝင်ပါတယ်။ ၄.၈ လက်မ screen မှာ Pixel က 720 x 1280 ရှိပါတယ်။
အရွယ်အစား
၅.၃၈ လက်မ အရှည်၊ ၂.၇၈ လက်မ ဗျက်၊ ၀.၃၄ လက်မ အထူ ဆိုတော့ အရွယ်ကြီးတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။
အလေးချိန်
၁၃၃ ဂရမ်ပဲ ရှိပါတယ်။ ဝိတ်သိပ်မစားပါဘူး။
Processor
GUP က Mali-400 MP (ကိုရီးယားဗားရှင်း နဲ့ နိုင်ငံတကာဗားရှင်း)- Qualcomm Snapdragon S4 MSM8960 (ဂျပန်နဲ့ မြောက်အမေရိက ဗားရှင်းဆိုပြီး ထပ်ကွဲနေပါသေးတယ်။ CPU ကတော့ 1.5 GHz dual-core Krait နဲ့ 1.4 Ghz quad core Coretex-A9 ဆိုပြီး နှစ်မျိုးရောက်ပါသေး တယ်။
မှတ်ဥာဏ်
RAM 1GB ရှိပြီး 16GB နဲ့ 32 GB storage နှစ်မျိုးထုတ်ပါတယ်။ micro SD နဲ့က 64GB အထိတောင် ထပ်ဆိုက်နိုင်ပါသေးတယ်။
ဘက်ထရီ
ဘက်ထရီကောင်းတဲ့ ဖုန်းပါပဲ။ 2,100 mAh, 7.98 Wh, 3.8 V ရှိပါတယ်။

ကင်မရာ
နောက်မှာ 8 megapixel ရှိပြီး autfocus, flash light တို့ပါဝင်ပါတယ်။ HD Video တောင် recording လုပ်နိုင်ပါတယ်။ အခြားသော Feature များလည်း ပါဝင်နေပါသေးတယ်။ ရှေ့ မှာကတော့ Video calling အတွက် 1.9 megapixel ထောက်ပံ့ထားပါတယ်။

အခြား Feature များ
Wi-Fi, Bluetooh, NFC, Data switch အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက် သုံးလို့ကောင်းတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ Application အနေနဲ့ Android app များကို up to date သုံးစွဲနိုင်ပါတယ်။ Samsung မှထည့်သွင်း ပေးထားတဲ့ Feature အသစ်များကြောင့် အင်တာနက် ချိတ်တဲ့ အခါ Service ပေါင်းများစွာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ပြီး ချက်ချင်း Google မေးလ်ပို့တာမျိုးကတော့ ဒီနောက်ပိုင်း ဖုန်းတော်တော်များများမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။
Samsung Galaxy S3 နှင့် အနာဂတ်ဈေးကွက်
Samsung Galaxy S4 ထွက်တော့မယ် ဆိုတဲ့ သတင်းကြောင့်မို့ S3 အရောင်းကျမယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ မကျသေးပါဘူး။ ပြီးတော့ S4 ထွက်ဖို့ကလည်း လိုပါသေးတယ်။ S4 ထွက်ရင်တောင် S3 ရဲ့  အသုံးဝင်မှုက ကောင်းကောင်းတည်ရှိနေအုံးမှာ ဖြစ်ပါတယ်။ နောက် ၂ နှစ် ထက်မက ကာကလတွေမှာ Samsung Galaxy S3 ဆိုတာ high class ဖုန်း အနေနဲ့ တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။
--

ရိုးရာလေး

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text