Social Icons

Saturday 9 February 2013

ဂျပန်နိုင်ငံတွင် BlackBerry နောက်ဆုံးထုတ် မိုဘိုင်းဖုန်းများ ရောင်းချမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား

ကနေဒါ အခြေစိုက် BlackBerry မိုဘိုင်းဖုန်း ကုမ္ပဏီက ၎င်းတို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း မော်ဒယ်ကို ဂျပန်နိုင်ငံမှာ ရောင်းချသွားမှာ မဟုတ်ကြောင်း
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အကြောင်းရင်း ကတော့ ဂျပန်နိုင်ငံဟာ BlackBerry မိုဘိုင်း ကုမ္ပဏီရဲ့ အဓိက အရေးပါတဲ့ ဈေးကွက် တစ်ခု မဟုတ် တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့က BlackBerry ကုမ္ပဏီဟာ ၎င်းရဲ့ ဆော့ဖ်ဝဲလ် အသစ် သုံးထားတဲ့ စမတ်ဖုန်း မော်ဒယ် အသစ်ကို ပွဲထုတ် ပြသခဲ့တာ ဖြစ်ပါတယ်။


အဲ့ဒီ စမတ်ဖုန်း အသစ်ကို အမေရိကန် ပြည်ထောင်စု၊ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ အဓိက ရောင်းချသွားဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ရဲ့ ၁၉ ရာခိုင်နှုန်းကို BlackBerry ကုမ္ပဏီက ရယူ ထားနိုင်ခဲ့ပြီး ၎င်းစမတ်ဖုန်းတွေရဲ့ သတင်း အချက်အလက် လုံခြုံရေး function များကြောင့် စီးပွားရေး သမားတွေ အကြိုက်တွေ့တဲ့ ဖုန်းတွေ ဖြစ်ပါတယ်။

အခုအခါ Apple နဲ့ Samsung တို့ရဲ့ အောင်မြင်မှု များကြောင့် BlackBerry ကုမ္ပဏီရဲ့ ဈေးကွက် ဝေစုဟာ ၄ ရာခိုင်နှုန်း ခန့် ကျဆင်း သွားခဲ့ပြီး ဂျပန် ဈေးကွက်မှာလည်း ၁ ရာခိုင်နှုန်း လျှော့ကျ သွားတဲ့အတွက် BlackBerry နောက်ဆုံး စမတ်ဖုန်းကို ဂျပန်နိုင်ငံမှာ ရောင်းချခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်၊ အိန်္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ အခြား အာရှနိုင်ငံ များမှာတော့ ဈေးကွက်ရှာဖို့ BlackBerry ကုမ္ပဏီက စီစဉ်ထားကြောင်း သိရပါတယ်။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text