 ကမ္ဘာ့
 အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက်ဖြစ်သည့် Facebook အား 
ဟက်ကာများက ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း user များ၏ သတင်း အချက်အလက်များ 
ရယူသွားနိုင်ခြင်း မရှိခဲ့ဟု Facebook လုံခြုံရေးအဖွဲ့က ထုတ်ပြန် 
ကြေညာခဲ့သည်။
ကမ္ဘာ့
 အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက်ဖြစ်သည့် Facebook အား 
ဟက်ကာများက ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း user များ၏ သတင်း အချက်အလက်များ 
ရယူသွားနိုင်ခြင်း မရှိခဲ့ဟု Facebook လုံခြုံရေးအဖွဲ့က ထုတ်ပြန် 
ကြေညာခဲ့သည်။“ကျနော်တို့ရဲ့ ကိုယ်ပိုင် အင်ဂျင်နီယာ အဖွဲ့ တခြား ကုမ္ပဏီတွေက လုံခြုံရေး အဖွဲ့တွေနဲ့ အာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ ဒီတိုက်ခိုက်မှု အကြောင်းကို လေ့လာ စုံစမ်းပြီး အလားတူ တိုက်ခိုက်နိုင်တာတွေကို ဘယ်လို တားဆီးမလဲ ဆိုတာ လေ့လာနေပါတယ်”ဟု Facebook ၏ ဘလော့ခ်ပေါ်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ထိုးဖောက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ယင်း တိုက်ခိုက်မှုအရ အလွန် ရှုပ်ထွေး သိမ့်မွေ့သော တိုက်ခိုက်မှုဖြစ်ကာ အခြား ကုမ္ပဏီများလည်း ဖောက်ထွင်း ခံခဲ့ရကြောင်း Facebook က ဆိုသည်။ အဆိုပါ သတင်းသည် ရင်းနှီးမြုပ်နှံသူများကို တုန်လှုပ် ခြောက်ခြားစေခဲ့ပြီး ဤ သတင်း ထုတ်ပြန် ကြေညာသည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် Facebook ၏ ရှယ်ယာ တန်ဖိုးသည် ၁၀ဆင့် ကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိ သည်ဟု သိရသည်။
ဇန်န၀ါရီလ အတွင်းက အမေရိကန် နိုင်ငံမှ နယူးယောက် တိုင်းမ် သတင်းစာနှင့် ဝေါလ်စထရိ ဂျာနယ်တို့ကလည်း တရုတ် ဟက်ကာများ၏ တိုက်ခိုက်မှု ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့ကြသည်။
KYL
 


 
 
 
 
 
 
 
 

0 comments:
Post a Comment