Social Icons

Saturday 26 January 2013

၂၀၁၂ ခုနှစ်အတွင်း စမတ်ဖုန်း အလုံးရေ သန်း (၇၀၀) ရောင်းချခဲ့သည့် Samsung နှင့် Apple

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က စမတ်ဖုန်း ဈေးကွက်၏ ၅၀% ဖြစ်သော စမတ်ဖုန်း အလုံးရေ သန်း (၇၀၀) ခန့်ကို Samsung နှင့် Apple ကုမ္ပဏီများက
ရောင်းချခဲ့ရကြောင်း ဇန်န၀ါရီလ (၂၅) ရက်က ထုတ်ပြန်သော သုတေသန တစ်ခုအရ သိရသည်။

၂၀၁၁ ခုနှစ်က ကမ္ဘာတစ်ဝှမ်းလုံး စမတ်ဖုန်း တင်ပို့ ရောင်းချမှု အရေအတွက် သန်း (၄၉၀.၅) ထိ တိုးတက်ခဲ့ပြီး ၊ ၂၀၁၁ ခုနှစ် တိုးတက် ရောင်းချမှုနှုန်း (၄၃%) ရှိပြီး ၊ ၂၀၁၀ ခုနှစ်တွင် (၆၄%) ရှိခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တိုးတက်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း ဈေးကွက် သုတေသန
မဟာဗျူဟာ လေ့လာရေး အဖွဲ့က ပြောကြားခဲ့သည်။ မြောက်အမေရိကနှင့် အနောက် ဥရောပတို့တွင် ၀ယ်လိုအားထက် ရောင်းလိုအား အဆမတန် များပြားခဲ့သောကြောင့် ယခုကဲ့သို့ တိုးတက်နှုန်း ကျဆင်းခြင်း ဖြစ်ရသည်ဟု ၄င်းတို့က ပြောကြားခဲ့သည်။

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text