Social Icons

Friday 25 January 2013

ရာစုသစ်ကို လှုပ်နှိုးမည့် ကျူးဘား နိုင်ငံ၏ ဖိုက်ဘာ အင်တာနက်ကြိုးများ

ဗင်နီဇွဲလားနှင့် ကရစ်ဘီယမ် ကျွန်းတို့အကြား ပင်လယ်ရေအောက် ဖိုက်ဘာကြိုးများ ဆက်သွယ်ချိတ်ပြီး နှစ်နှစ် အကြာတွင်
ကျူးဘားနိုင်ငံ၏ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များကို ၂၁ ရာစုသို့ ဆောင်ကြည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်က ဗင်နီးဇွဲလား နိုင်ငံ အစိုးရသည် ၄င်း၏ ဘဏ္ဍာငွေဖြင့် ALBA-1 ကေဗယ်ကြိုးများကို ကရစ်ဘီယမ်
ပင်လယ်ရေအောက်က တစ်ဆင့် ချိတ်ဆက်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ၊ ဖေဖေါ်ဝါရီလတွင် ကျူးဘားနိုင်ငံနှင့် ချိတ်ဆက်ခဲ့သည်။ ထိုအချိန်မှ စတင်ပြီး ၄င်းတို့အကြောင်း တိမ်မြုပ်သွားခဲ့ရာ အစိုးရကလည်း မည်သို့မည်ပုံ ဖြစ်ပျက်သည်ကို နုတ်ပိတ်နေခဲ့သည်။ ၄င်းစနစ်ကို အပြည့်အ၀ တပ်ဆင် အသုံးပြုမည်ဆိုပါက ကျူးဘား နိုင်ငံတွင် လက်ရှိ အသုံးပြုနေသော အင်တာနက် မြန်နှုန်းထက် အဆ (၃၀၀၀) ခန့် မြန်ဆန်လာမည် ဖြစ်ပြီး ၊ သန်းပေါင်းများစွာသော ဖုန်းခေါ်ဆိုမှု အကြိမ်များကို တပြိုင်နက် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။ ယခုအခါတွင် ကျူးဘားနိုင်ငံ အင်တာနက် စနစ်သည် ဂြိုလ်တုနှင့် ချိတ်ဆက် အသုံးပြုနေရပြီး ၊ အမေရိကန် နိုင်ငံ၏ ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် အဆမတန် နှေးကွေးလျှက် ရှိသည်ဟု ဆိုသည်။

http://news.yahoo.com/cubas-mystery-fiber-optic-internet-cable-stirs-lif...

0 comments:

Post a Comment

 

Sample text

Sample Text

Sample Text