Social Icons

Showing posts with label Windows Tricks. Show all posts
Showing posts with label Windows Tricks. Show all posts

Saturday, 23 February 2013

Microsoft ရဲ့  စမတ်ဖုန်းဈေးကွက်ဟာ အမှားတစ်ခုပါ - ဘီလ်ဂိတ်



မကြာသေးမီက CBS နဲ့ အင်တာဗျူးတော့ ဘီလ်ဂိတ်ဆီက ထွက်လာတဲ့ စကား ဖြစ်ပါတယ်။

စမတ်ဖုန်းဈေးကွက်ကို ဝင်ရောက်လာခြင်းဟာ အမှားတစ်ခုဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံလာတော့ စီအီးအို Steve Ballmer  မျက်နှာ ဘယ်နား သွားထားတော့မလဲလို့တောင် Comment တွေတက်ခဲ့ပါတယ်။

ပြောလည်းပြောလောက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ Windows Phone OS သုံးတဲ့ စမတ်ဖုန်း တစ်လုံး ရှာပြပါဆိုရင် တော်တော်လေး မိုဘိုင်းဖုန်း ဆိုင်အနှံ့ သွားရမယ့် ကိန်းရှိပါတယ်။ Windows Phone 8 OS သုံးပါတယ် ဆိုတဲ့ Nokia Lumia နောက်ဆုံးထွက်တွေ လိုချင်ပါတယ် ဆိုရင်တောင် ဘယ် တော်ရုံ မိုဘိုင်းဖုန်းဆိုင်မှ အော်ဒါ မမှာပေးရဲပါဘူး။ မမှာပေးရဲတာ မဟုတ်ပါဘူး။ မှာရခက်တာ ဖြစ်ပါတယ်။

Window Version သမိုင်းကြောင်း

ဒါက ၀င်းဒိုးအကြောင်းတွေပါ။ အားရင် ဗွီဒီယိုနဲ့ ပြပါဦးမယ်။ အဆင်ပြေပါစေ။

WINDOWS 1.0 ------>16 Bit Os (1985)

WINDOWS 2.0 ------>16 Bit Os

WINDOWS 3.0 ------>16 Bit Os (1990)

WINDOWS 3.1 ------>16 Bit Os (1992)

Friday, 25 January 2013

solid-state drives များကို တစ်ခေတ် ဆန်းစေမည့် Windows 8

လွန်စွာ ပါးလျလာသော Windows 8 အသုံးပြု ပစ္စည်းများကြောင့် flash memory ဈေးနှုန်းများကို ကျလာစေသည့် အတွက်
solid-state drive (SSD) ဈေးကွက်ကို နှစ်ဆ ကြီးထွားလာစေကြောင်း ဈေးကွက် သုတေသန လုပ်ငန်းတစ်ခု ဖြစ်သော IHS iSuppli သုတေသန မှတ်စုတစ်ခုတွင် ဖေါ်ပြထားသည်။

Monday, 21 January 2013

Window XP ရဲ့ ရိုးရှင်းသော လျှို့ ဝှက်ချက် (၄၀)

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို
ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့
“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart
ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

Sunday, 20 January 2013

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။



windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။
 

Sample text

Sample Text

Sample Text