Social Icons

Showing posts with label Mobile Phones. Show all posts
Showing posts with label Mobile Phones. Show all posts

Saturday, 23 February 2013

Nokia က ထုတ်မည့် ပစ်တိုင်းထောင် ဖုန်း



ပစ်တိုင်းထောင်တော့ မဟုတ်ပါဘူး။ Nokia Kinetic Concept Phone လို့ခေါ်ပါတယ်။ ဒီဇိုင်းအရပဲ ရှိပါသေးတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဘယ်လို Positon ထားထား အဆင်ပြေနေမယ့် ဖုန်း ဖြစ်ပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အပင်ပန်းခံ ထုတ်မှာတော့ မဟုတ်ပါဘူး။ သူ့မှာ electro-magnet ပါဝင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့  ဝိတ်အလေးချိန် မျှဝေမှု သဘောတရားကို သူက အလုပ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းအဝင်၊အထွက်တွေ ကို ဖြေကြားဖို့အတွက်လည်း ခလုပ်နှိပ်စရာမလိုပဲ လွယ်ကူမယ့် နည်းလမ်းတွေလည်း ပါဝင်ပါတယ်။

Tuesday, 12 February 2013

တစ်စက္ကန့်တိုင်း Samsung တီဗီ ၁၀လုံး ရောင်းချနေရ



မိုနာကိုနိုင်ငံမှာ ကျင်းပတဲ့ Samsung အီးယူ ဖိုရမ်မှာ President K Yoon ကိုယ်တိုင် ပြောကြားခဲ့တဲ့ စကား ဖြစ်ပါတယ်။

K Yoon ရဲ့  ပြောကြားချက်အရ ၁ မိနစ်တိုင်းကို Samsung တီဗီ ၃ လုံးရောင်းချ နေရပြီး ဈေးကွက် လိုအပ်ချက်အတွက် အလျင်မှီထုတ်လုပ်ရတဲ့ အနေအထားဖြစ်ကြောင်း ဆိုပါတယ်။ ဒါက Samsung ဟာ မိုဘိုင်ဖုန်းမှာ တင်မကပဲ အခြားသော အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရောင်းချရမှု မှာလည်း ထိပ်တန်းပြေးနေတယ်လို့ ပြောဆိုလိုက်ခြင်း ပဲ ဖြစ်ပါတယ်။

iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်



Apple က တရားဝင် မထုတ်ပြန်ရသေးပေမယ့် Source တော်တော်များများ ကတော့ iOS 6.1 ကို အသုံးမပြုဖို့ တားမြစ်နေပြီ ဖြစ်ပါတယ်။

iOS 6.1 ဟာ ဘက်ထရီ အကုန်မြန်စေခြင်း၊ အပူချိန် လွန်ကဲစေခြင်း ဆိုတဲ့ အချက် နှစ်ချက်ကြောင့်မို့ ဖြစ်ပါတယ်။ အထူးသဖြင့် iPhone 4s နဲ့ မတည့်ပါဘူး။ ဒါကြောင့် iPhone 4s အသုံပြုသူများအနေနဲ့ iOS 6.1 ကို upgrade မလုပ်ကြသေးဖို့ အထူး သတိပေးချက် ထုတ်ပြန်ကြပါတယ်။

Apple iWatch (i နာရီ) နှစ်လယ်တွင် ထွက်ရှိမည်


Apple က တရားဝင်မကြေညာရသေးသည့်တိုင် နှစ်လယ်မှာ ထွက်ရှိမယ် ဆိုတဲ့ သတင်းကတော့ နေရာ တိုင်းမှာ ပြန့်နေပါတယ်။

စမတ်နာရီအမျိုးအစား ဖြစ်မယ့် iWatch ဖြစ်ပြီး iOS ထည့်သွင်းထားမယ့် နာရီ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းအသေးစား တစ်လုံးလိုကို အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။ မတ်ဆေ့ခ်ျပို့တာမျိုး၊ စာဖတ်တာမျိုး၊ Alarm ပေး၊ မြေပုံကြည့်၊ ဆိုရှယ်နတ်ဝေါ့ခ် အသုံးပြုခြင်းတို့ ရမှာ ဖြစ်ပါတယ်။ iPhone မှာပါတဲ့ Passbook လို ဒီဂျစ်တယ် ခရက်ဒစ်ကဒ် သဘောမျိုးတောင် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

Sunday, 10 February 2013

စွမ်းဆောင်ရည် မြင့်မားသည့် Archos 97 Titanium HD အမျိုးအစား TABLET

http://pyae-phyo.blogspot.com

Archos 97 Titanium HD Tablet အမျိုးအစားသည် နောက်ဆုံး ထုတ်လုပ်လိုက်သည့် Tablet အမျိုးအစား ဖြစ်သည်။
9.7 လက်မ အရွယ်အစား ရှိသည့် ယင်း Tablet ၏ ကိုယ်ထည်ကို Aluminium သတ္တု အပြောင်စားဖြင့် ပြုလုပ်ထားရှိပြီး OS တွင် window 4.1 ဗားရှင်း အမျိုးအစားကို အသုံးပြုထားသည်။

Saturday, 9 February 2013

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်

ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ဒီဘက် နှစ်ဖက်စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ ရ မှာ ဖြစ်ပါတယ်။

ဈေးနှုန်းသက်သာ Samsung Galaxy Fame

Samsung Galaxy Ace ကိုလူကြိုက်များခဲ့သလို Galaxy Fame ကလည်း နေရာ တစ်ခုရမယ်လို့ Samsung က ယုံထားပါတယ်။ Y နေရာမှာ Young , Ace နေရာမှာ Fame လို့ ပြောဆိုနေကြပါပြီ။ လာမယ့် မတ်လမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၇၉၉ ဖြင့် စတင် ရောင်းချမည့် 128 GB သိုလှောင် ပမာဏရှိသော ipad အသစ်

 Apple ကုမ္ပဏီက 128GB သိုလှောင် ပမာဏရှိသော ipad အသစ်ကို ၄င်း၏ Online စတိုးနှင့် လက်လီ အရောင်းဆိုင်များမှ တစ်ဆင့်
စတင် ရောင်းချသွားမည် ဖြစ်သည်။ အချက်အလက် အများအပြား သိုလှောင်နိုင်မည့် ၄င်း ipad အသစ်ကို ၀ယ်ယူရန် ipad ချစ်သူများ စိတ်လှုပ်ရှားနေကြသည်။

ဂျပန်နိုင်ငံတွင် BlackBerry နောက်ဆုံးထုတ် မိုဘိုင်းဖုန်းများ ရောင်းချမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား

ကနေဒါ အခြေစိုက် BlackBerry မိုဘိုင်းဖုန်း ကုမ္ပဏီက ၎င်းတို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း မော်ဒယ်ကို ဂျပန်နိုင်ငံမှာ ရောင်းချသွားမှာ မဟုတ်ကြောင်း
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အကြောင်းရင်း ကတော့ ဂျပန်နိုင်ငံဟာ BlackBerry မိုဘိုင်း ကုမ္ပဏီရဲ့ အဓိက အရေးပါတဲ့ ဈေးကွက် တစ်ခု မဟုတ် တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ့က BlackBerry ကုမ္ပဏီဟာ ၎င်းရဲ့ ဆော့ဖ်ဝဲလ် အသစ် သုံးထားတဲ့ စမတ်ဖုန်း မော်ဒယ် အသစ်ကို ပွဲထုတ် ပြသခဲ့တာ ဖြစ်ပါတယ်။

Apple 4S သုံးဆွဲသူများကို iOS 6.1 သို့မပြောင်းအောင် Vodafone ကသတိပေး

http://myanmartechnews.blogspot.com
iOS 6.1 ထွက်တာမှ သိပ်မကြာသေးပါဘူး။ အခက်အခဲအမျိုးမျိုးရှိတဲ့ iOS 6.1 လို့ နိုင်ငံတကာ ကပါ ဆိုလာပါပြီ။ နောက်ဆုံးပေါ်လို့ပြောသံပါပဲ။ လွန်ခဲ့တဲ့ ၁ပတ်က iOS 6.1 ထွက်လာပြီး ပုံစံအသစ်တွေပြောင်းလာတယ်ဆိုတာပဲ။ ပြဿနာကတော့ Vodafone 3G Network မှာပါ။

Saturday, 2 February 2013

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်

မိုဘိုင်းဖုန်းများကို လက်ရှိ ဈေးနှုန်းထက် များစွာ သက်သာသာ ဈေးနှုန်းများဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ယနေ့ ကျင်းပသော အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး (န၀မနေ့)တွင် ဖြေကြားခဲ့သည်။
"အခု ချပေးထားတဲ့ ဈေးနူန်းတွေထက် သက်သာအောင် ဆောင်ရွက် ပေးသွားဖို့ လုပ်နေပါတယ်၊

Friday, 1 February 2013

Nokia အခမဲ့ သီချင်း ၀န်ဆောင်မှု Lumia ဖုန်းများတွင်သာ အသုံးပြုနိုင်မည်

လွန်ခဲ့သော လပိုင်း အတွင်းကပင် မိုဘိုင်း တယ်လီဖုန်းများ အတွင်း အခမဲ့ သီချင်းလွှင့် ကဏ္ဍများ တိုးတက်လာခဲ့ရာ Nokia က
၎င်း၏ premium user များအတွက် Lumia-only music service ကို အသုံးပြုနိုင်ရန် upgrade ပြုလုပ်ပေးခဲ့သည်။

Nokia Music+ အား အခမဲ့ Mix Radio service သို့ ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလက အဆင့်မြှင့်တင်ပေးခဲ့ပြီး၊ Lumia ပိုင်ရှင်များအား အဆုံးမရှိသော သီချင်းများကို နားဆင်ခွင့်နှင့် download ပြုလုပ်ခွင့် ပေးသွားမည် ဖြစ်သည်။

Saturday, 26 January 2013

၂၀၁၂ ခုနှစ်အတွင်း စမတ်ဖုန်း အလုံးရေ သန်း (၇၀၀) ရောင်းချခဲ့သည့် Samsung နှင့် Apple

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က စမတ်ဖုန်း ဈေးကွက်၏ ၅၀% ဖြစ်သော စမတ်ဖုန်း အလုံးရေ သန်း (၇၀၀) ခန့်ကို Samsung နှင့် Apple ကုမ္ပဏီများက
ရောင်းချခဲ့ရကြောင်း ဇန်န၀ါရီလ (၂၅) ရက်က ထုတ်ပြန်သော သုတေသန တစ်ခုအရ သိရသည်။

၂၀၁၁ ခုနှစ်က ကမ္ဘာတစ်ဝှမ်းလုံး စမတ်ဖုန်း တင်ပို့ ရောင်းချမှု အရေအတွက် သန်း (၄၉၀.၅) ထိ တိုးတက်ခဲ့ပြီး ၊ ၂၀၁၁ ခုနှစ် တိုးတက် ရောင်းချမှုနှုန်း (၄၃%) ရှိပြီး ၊ ၂၀၁၀ ခုနှစ်တွင် (၆၄%) ရှိခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တိုးတက်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရကြောင်း ဈေးကွက် သုတေသန

Friday, 25 January 2013

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask


အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။

ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂၀၁၃ ကျရင် Samsung Galaxy S4 ထွက်မည်

http://pyae-phyo.blogspot.com
Samsung Galaxy ရဲ့ မျိုးဆက်အသစ် ဒီနှစ်ထဲမှာလာတော့မယ်ဆိုတာက သတင်းကောင်းတစ်ရပ်ပါပဲ။ Samsung Galaxy S4 ဟာ ဧပြီလ ၁၅ရက်နေ့မှာ တရားဝင်ထုတ်လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာမှာကတော့ သင်္ကြန်ဖြစ်နေပြီးတော့ မြန်မာ့နှစ်သစ်ကူးတော့မှာပါ။ မြန်မာ့နှစ်သစ်ကူးမှာ Samsung Galaxy S4 တစ်လုံးဝယ်နိုင်ပါစေ။

HTC Butterfly Smart Phone များကို စင်ကာပူ ဈေးကွက်တွင် စတင် ရောင်းချနေပြီဖြစ်


HTC ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် ဟန်းဖုန်း အမျိုးအစားသစ် HTC Butterfly အား ပွဲဦးထွက် အနေဖြင့် ယမန်နှစ် အတွင်းက
ဂျပန်နိုင်ငံ ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချခဲ့ရာ 5-inch အရွယ်အစားရှိ Disply ကြောင့် လူအများ စိတ်ဝင်စားခဲ့ကြသည်။

Wednesday, 23 January 2013

iPhone 5 နှင့် ဆင်တူပြီး Siri ကို တုပထားသည့် BlackBerry Z10

၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ (၃၀) ရက်နေ့က RIM သည် ၄င်း၏ BlackBerry 10 OS အသုံးပြုထားသော မိုဘိုင်းဖုန်း တစ်ခုကို
ထုတ်ဖေါ် ကြေညာခဲ့သည်။ သို့သော် ၄င်းသည် အခြား လူကြိုက်များသော မိုဘိုင်းဖုန်း ပုံစံများနှင့် ဆင်တူပြီး၊ အထူးသဖြင့် iPhone နှင့် ပိုတူကြောင်း Mashable အင်တာနက် သတင်းစာ မျက်နှာတွင် ဖေါ်ပြထားသည်။

Tuesday, 22 January 2013

HTC မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ

HTC မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။

Normal Code
(1) *#06# use to Show IMEI
(2) *135# use to Show mobile number

Android OS အတွက် အသုံးဝင် လျှို့ ဝှက်ကုဒ်အချို့ 

Android OS သုံး စမတ်ဖုန်း၊ နဲ့ အခြား Gadget အသုံးပြုသူများအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ်များကို မျှဝေလိုက်ရပါတယ်။

*#*#4636#*#* - Phone / Battery / USage information
*#*#7780#*#* - factory data reset
*2767*3855# - factory format
*#*#34971539#*#* - information about phone camera

Monday, 21 January 2013

Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ

Samsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။

*#9125# : Smiley
*#9999# : Software Version

*#9125# : Smiley
*#9999# : Software Version

 

Sample text

Sample Text

Sample Text