Social Icons

Showing posts with label Knowledges. Show all posts
Showing posts with label Knowledges. Show all posts

Saturday, 9 February 2013

Apple 4S သုံးဆွဲသူများကို iOS 6.1 သို့မပြောင်းအောင် Vodafone ကသတိပေး

http://myanmartechnews.blogspot.com
iOS 6.1 ထွက်တာမှ သိပ်မကြာသေးပါဘူး။ အခက်အခဲအမျိုးမျိုးရှိတဲ့ iOS 6.1 လို့ နိုင်ငံတကာ ကပါ ဆိုလာပါပြီ။ နောက်ဆုံးပေါ်လို့ပြောသံပါပဲ။ လွန်ခဲ့တဲ့ ၁ပတ်က iOS 6.1 ထွက်လာပြီး ပုံစံအသစ်တွေပြောင်းလာတယ်ဆိုတာပဲ။ ပြဿနာကတော့ Vodafone 3G Network မှာပါ။

Sunday, 3 February 2013

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense



ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-


- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။
- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။

Friday, 1 February 2013

သင့်ဖုန်းအား ခိုးယူသူ၏ ရုပ်ပုံကို ရိုက်ယူပေးမည့် Lookout လုံခြုံရေး Android app

http://pyae-phyo.blogspot.com
လုံခြုံရေး software ဖန်တီးသူများက ဖုန်းသူခိုးများကို ဖမ်းပေးနိုင်မည့် နည်းလမ်း တစ်ခုအား ၄င်းတို့၏ Lookout Android app တွင် ထည့်သွင်း ပေးလိုက်သည်။
၎င်းလုပ်ဆောင်ချက် အသစ်သည် သူစိမ်းတစ်ဦးက သင့်ဖုန်းအား unlock လုပ်ရန် ကြိုးစားမှု သုံးကြိမ် မအောင်မြင်လျှင် ဖုန်း၏ မျက်နှာပြင်ရိုက် ကင်မရာမှ အဆိုပါ သူစိမ်း၏ ပုံကို အလိုအလျှောက် ရိုက်ယူထားမည် ဖြစ်သည်။ ထို့နောက် သင့်ထံသို့ ထိုသူ၏ ပုံနှင့်တကွ သတိပေးထားသော အီးမေးတစ်စောင် ပို့ပေးမည် ဖြစ်သည်။

PS4 ကောလဟာလများကြား ဖေဖေါ်ဝါရီလတွင် Playstation အမှတ်တရ ပွဲတစ်ခု ပြုလုပ်မည့် Sony

PS4 ကောလဟာလများ ထွက်နေသည့် ကြားထဲ အမေရိကန် နိုင်ငံတွင် Playstation အမှတ်တရ ပွဲတစ်ခုကို Sony က ဖေဖေါ်ဝါရီလထဲတွင်
ပြုလုပ်သွားမည် ဖြစ်သည်။ ကုမ္ပဏီ၏ ဂိမ်းဌာနခွဲ ဖြစ်သော sony ကွန်ပြူတာ ဖျော်ဖြေရေး ဌာနခွဲမှ ဖေဖေါ်ဝါရီလ (၂၀) ရက်စွဲနှင့်အတူ အသိခက်သော ဗီဒီယိုဖိုင်တစ်ခု တင်ပြခဲ့သည်။

Samsung Galaxy Note 2 ဆိုတာ

Samsung Galaxy Note 2 ကတော့ လက်ရှိ ကမ္ဘာ့ Note ဖုန်း ဈေးကွက်မှာ နံပါတ် ၁ ပါပဲ။ နံပါတ် ၁ ဆိုလို့ Note Smartphone ထုတ်လုပ်တဲ့ ကုမ္မဏီတွေနည်းနေပါသေးတယ်။ Samsung မှ အကောင်းဆုံ ဖန်တီးတား တဲ့ Note ကတော့ ပထမ Note ကော၊ နောက်ဆုံးထွက် Note 2 ပါ အောင်မြင်ပါတယ်။

လက်ရှိ မြန်မာပြည်မှာလည်း လူကြိုက်များနေတဲ့ မစတ်ဖုန်း တစ်မျိုးပဲ ဖြစ်ပါတယ်။

WiFi လွှင့်နည်း အဆင့်ဆင့်



အိမ်တွင်း၊ ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။ Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။

Monday, 28 January 2013

Virus , Worm နှင့် Trojan horse တို့၏ ကွာခြားချက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-k237SRTmkUuOjfz7p0lWy_Fqzn_jOSk5HGDgkld7U0o0WdTrHC3khc6nU8sR7Xxq-JeoECcU3eXzQZV7gluftbbN2_qdDPddiG-2azDumdxcREYB-4AYxLdKi1FIvK1_TCJkZAz/s1600/virus1.jpg




Virus
Virus ဆိုသည်မှာ ပိုင်ရှင်ကို အသိပေးခြင်း (သို့) ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် မရှိဘဲ ၎င်းတို့
Computer အတွင်းရှိ Data များအား ပျက်စီးဆုံးရှုံးစေသော Program များရေးသားထားသည့်
Computer Program ဖြစ်ပါသည်။ ထို Virus အတွင်း malware, adware နှင့် spyware programs

Saturday, 26 January 2013

ကမ္ဘာပျက်လျှင်တောင် မသေနိုင်ပဲ အသက်ရှင်စေမည့် နည်းလမ်း

လက်ရှိ ကမ္ဘာ့ထိပ်သီး သိပ္ပံပညာရှင်တို့ ရှာဖွေ ဖော်ထုတ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ကြောက်စရာလည်း ကောင်းသလို၊ အံ့သြဖို့ လည်း ကောင်းပါတယ်။ ယင်းကတော့ လူ့စိတ်ကို စက်ရုပ်ထဲ အားလုံး ပို့ဆောင်ခြင်း ဖြစ်ပါတယ်။ အသက် လိပ်ပြာကို လွဲပြောင်းတဲ့ သဘောအတိုင်းပါပဲ။ တီထွင်မယ့် စက်ရုံက လူတစ်ယောက်နီးပါး ဥာဏ်ရှိရမယ် သို့မဟုတ်၊ လူကလွဲပြောင်းပေးလိုက်တဲ့ ဥာဏ်ရည်အားလုံးကို မပျက်ဆီးပဲ မှတ်သားနိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မြွေတွေ အရေခွံလှဲတာထက်တောင် ပို ဆန်းနေပါတယ်။ မြွေအရေခွံလှဲပေမယ့် သူ့ကိုယ်က ဒီတိုင်းပါပဲ။ ဒီမှာ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထားခဲ့ရမှာ ဖြစ်ပါတယ်။
ကိုယ့်ဆီမှာရှိတဲ့ မှတ်ဥာဏ်၊ အိုင်ကျူလယ်ဗယ်အားလုံးကို စက်ရုပ် ဆီ ရောက်အောင် Upload လုပ်ပေးရုံပါပဲ။ ဒီမှာတောင် ကိုယ် မမှတ်မိစေ ချင်တဲ့အကြောင်းအရာတွေကိုတောင် ချန်ထားလို့ရမယ်လို့ ဆိုပါတယ်။ ယင်း စက်ရုပ်ကလည်း အနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက် ကတော့ တာရှည်ခံ မှာလို့ ဆိုပါတယ်။

လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ စတင်ကျင့်သုံးသွားမည် ဟုဆို

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ e-Government အကောင်အထည် ဖော်ဆာင်မှု အစီအစဉ်အရ လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို နည်းပညာ အသုံးပြုပြီး ကွန်ပြူတာ ပရိုဂရမ်များဖြင့် စတင်ဆောင်ရွက် သွားမည်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အလုပ်သမား ဝန်ကြီးဌာနမှ ယင်းကွန်ပြူတာစနစ်ကို ၁၉၇၉ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀ဝ၅ ခုနှစ်တွင် တစ်ကြိမ်ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရှိခဲ့ဘဲ ယခု တစ်ကြိမ်ပြုလုပ်ရန် ၂၀ဝ၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ အသစ်ရေးဆွဲမည့် ပရိုဂရမ်များကို နိုင်ငံတကာ စံချိန်စံညွှန်းမှီ မြန်မာနိုင်ငံ တွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်နှင့် အဆင်ပြေနိုင်မည့် ပရိုဂ၇မ်းများဖြစ်စေရေးအတွက် မြန်မာနိုင်ငံ ကွန်ပြူတာအသင်းမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူကာ ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြာသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ခြင်းမှာ ကွန်ပြူတာ Programme စနစ်ကို နောက်ပိုင်း Update ပြုလုပ်နိုင်ခြင်းမရှိသည့် ပြင်အာမခံအလုပ်သမားများ၏ အာမခံအမှတ်များ၊ အလုပ်ရှင် အမှတ်များ ထုပ်ပေးရာ တွင် မှားယွင်းမှုများရှိနေပြီး အဆိုပါမှားယွင်းမှုသည် လက်ရှိအခြေအနေတွင် ပြဿနာ မရှိသော်လည်း ဥပဒေအသစ်အရ သက်ကြီး ပင်စင်နှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့်များအတွက် စဉ်းစားလုပ်ဆောင်သည့် အချိန်တွင်များစွာ အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း၊၂၀ဝ၅ ခုနှစ်ကြိုးမှုတွင် အောင်မြင်မှုမရှိခဲ့ခြင်းမှာလညီ်း Data Entry သွင်းခြင်းကို ပီပြင်အောင် မဆောင်ရွက်နိုင်ခြင်း၊ ပြန်လည်စီစစ်မှု မပြုလုပ်နိုင်ခြင်း၊ Error

Friday, 25 January 2013

ကမ္ဘာမှာ နှစ်ခုတူ မရှိနိုင်တဲ့ လက်ထက်လက်စွပ်


လုံးဝ တူစရာ အကြောင်းမရှိပါဘူး။ ကိုယ်က ဈေးကြီးပေးဝယ်ထားရတဲ့ လက်စွပ်လေး တစ်ယောက်ယောက်က ခိုးသွားတယ်ဆိုပါစို့။ ပြန်တွေ့တဲ့ အခါကျ ဟိုက ဒါနင့်လက်စွပ်မဟုတ်ဘူးလို့ ငြင်းနေလို့မရပါဘူး။ သက်သေ အထောက်အထားနဲ့တောင် သူခိုးကိုဖမ်းလို့ရပါတယ်။ ယင်းသက်သေ ကတော့ လက်စွပ်မှာပါတဲ့ Waveform ပဲ ဖြစ်ပါတယ်။


အနောက်တိုင်းက ဘုရားကျောင်းတွေမှာ လက်ထက်တဲ့အခါ အိုအောင်မင်းအောင် ပေါင်းသင်းပါ့မလားလို့ ခရစ်ယာန်ဘုန်းတော်ကြီးက မေးတဲ့အခါ I do လို့ပြန်ဖြေပါတယ်။ ယင်း I do ဆိုတဲ့ အသံကိုပဲ အသံလှိုင်းစနစ်နဲ့ Graph ထုတ်တဲ့ မိုက်ခရိုအတိုင်းမှ မလွဲအောင် လက်စွပ်အဖြစ်သို့ ပြန်လည်ပြောင်းလဲခြင်း ဖြစ်ပါတယ်။

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask


အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။

ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် တရားရုံးမှ လူမျိုးရေး ခွဲခြားမှုကို လှုံ့ဆော်သော Twitter သုံးစွဲသူများကို ဖော်ထုတ်ပေးရန် အမိန့်ချမှတ်

လူမျိုးရေး ခွဲခြားရေး (သို့မဟုတ်) ဂျူးနွယ်ဖွားများအား ဆန့်ကျင်ရေးကို လှုံ့ဆော်သော twitter သုံးစွဲသူများ၏ သတင်း အချက်အလက်ကို
ရဲတပ်ဖွဲ့ထံ ပေးအပ်ရန် ပြင်သစ် တရားရုံးက ဇန်န၀ါရီလ (၂၄) ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ Twitter တွင် ပြောကြားမှု အများအပြားသည် ပြင်သစ်နိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျော်လွန်ကာ ဥပဒေဖြင့် တားမြစ်ထားသော မုန်းတီးရေး လှုံ့ဆော်မှု (hate speech)ကို ဖြစ်စေကြောင်း ပြင်သစ် ဂျူးကျောင်းသား ကျောင်းသူများ သမဂ္ဂ (France's Union of Jewish Students - UEJF) က ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပါရီမြို့ရှိ တရားရုံးသို့ လျှောက်ထားခဲ့သည်။

အဆိုပါ သမဂ္ဂသည် Twitter အား ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် လွှင့်တင်လိုက်သော ဂျူးနွယ်ဖွားများအား ဆန့်ကျင်ရေး မက်ဆေ့ခ်ျများကို ပိုမို ထိန်းချုပ်ပေးရန် တောင်းဆိုခဲ့သည့် အတွက် Twitter

Anonymous Hacker တစ်ဦးအား PayPal နှင့် MasterCard တို့ကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထောင်ဒဏ် (၁၈) လချမှတ်

Anonymous အုပ်စုတွင် ပါဝင်သော Hacker တစ်ဦးသည် PayPal၊ Visa၊ MasterCard နှင့် အခြားကုမ္ပဏီ အင်တာနက် စာမျက်နှာတို့ကို
တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဗြိတိသျှ အကျဉ်းထောင်တွင် (၁၈) လ ကျခံရမည် ဖြစ်သည်။

Google image search ကို အသုံးပြုသူများ အတွက် ပိုမို မြန်ဆန်ပြီး ၊ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် ပြင်ဆင်

 ပြန်လည်ပြင်ဆင် မွမ်းမံထားသော Google ၏ image search တွင် ရှာဖွေသူများသည် တစ်ဖက်က ဓါတ်ပုံများ ၊ ရုပ်ပုံဇယားများ ၊
အခြားဂရပ်ဖစ် ပုံများရှာဖွေရင်း အခြားတစ်ဖက်တွင် ပုံများ ၊ ၄င်းနှင့် ဆက်စပ်သော သတင်း အချက်အလက်များကို တပြိုင်နက် ကြည့်ရှု ရှာဖွေနိုင်မည်ဟု သိရသည်။

ရာစုသစ်ကို လှုပ်နှိုးမည့် ကျူးဘား နိုင်ငံ၏ ဖိုက်ဘာ အင်တာနက်ကြိုးများ

ဗင်နီဇွဲလားနှင့် ကရစ်ဘီယမ် ကျွန်းတို့အကြား ပင်လယ်ရေအောက် ဖိုက်ဘာကြိုးများ ဆက်သွယ်ချိတ်ပြီး နှစ်နှစ် အကြာတွင်
ကျူးဘားနိုင်ငံ၏ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များကို ၂၁ ရာစုသို့ ဆောင်ကြည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်က ဗင်နီးဇွဲလား နိုင်ငံ အစိုးရသည် ၄င်း၏ ဘဏ္ဍာငွေဖြင့် ALBA-1 ကေဗယ်ကြိုးများကို ကရစ်ဘီယမ်

HTC Butterfly Smart Phone များကို စင်ကာပူ ဈေးကွက်တွင် စတင် ရောင်းချနေပြီဖြစ်


HTC ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် ဟန်းဖုန်း အမျိုးအစားသစ် HTC Butterfly အား ပွဲဦးထွက် အနေဖြင့် ယမန်နှစ် အတွင်းက
ဂျပန်နိုင်ငံ ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချခဲ့ရာ 5-inch အရွယ်အစားရှိ Disply ကြောင့် လူအများ စိတ်ဝင်စားခဲ့ကြသည်။

Wednesday, 23 January 2013

iPhone 5 နှင့် ဆင်တူပြီး Siri ကို တုပထားသည့် BlackBerry Z10

၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ (၃၀) ရက်နေ့က RIM သည် ၄င်း၏ BlackBerry 10 OS အသုံးပြုထားသော မိုဘိုင်းဖုန်း တစ်ခုကို
ထုတ်ဖေါ် ကြေညာခဲ့သည်။ သို့သော် ၄င်းသည် အခြား လူကြိုက်များသော မိုဘိုင်းဖုန်း ပုံစံများနှင့် ဆင်တူပြီး၊ အထူးသဖြင့် iPhone နှင့် ပိုတူကြောင်း Mashable အင်တာနက် သတင်းစာ မျက်နှာတွင် ဖေါ်ပြထားသည်။

Mouse မရှိသည့်အခါ Keyboard ဖြင့်အသုံးပြုနည်း

http://pyae-phyo.blogspot.com


မိမိကွန်ပျူတာမှာ Mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် mouseသုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း

လုပ်ကြည့်ပါ။


  1. Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)

Google မျက်မှန်အား နယူးယောက် ရထားပေါ်တွင် တပ်ဆင် စမ်းသပ်ခဲ့သည့် Sergey Brin

Google ပူးတွဲ တည်ထောင်သူ ရုရှား နိုင်ငံဖွား အမေရိကန် ကွန်ပြူတာ ပညာရှင် Sergey Brin သည် ရုံးပိတ်ရက်တွင် နယူးယောက်မြို့တွင်
နံပါတ်-၃ မြေအောက်ရထားအတွင်း အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်မည့် Google မျက်မှန်အား

Wireshark


Wireshark ဆိုတာဟာ ကွန်ရက်လမ်းကြောင်း ( network traffic ) လေ့လာခြင်းနဲ့  Packet တွေကို.. စိစစ်ပိုင်းခြားခြင်းတို့အတွက် open source tool တစ်ခု ဖြစ်ပါတယ်။ ဒီ tool ဟာ တစ်ခါတစ်ရံမှာ... network protocol analyzer နဲ့ sniffer အဖြစ်... ရည်ညွှန်းဖော်ပြနိုင်ပါတယ်။
    ယခင်က Ethereal အဖြစ်လူသိများတဲ့.. Wireshark ကို ဆက်သွယ်မှုအဆင့်အချက်အလက်ရဲ့... ကွဲပြားခြားနားလမ်းကြောင်းအသေးစိတ်ကို..လေ့လာခြင်းအတွက်အသုံးပြုနိုင်ပါတယ်။Packet ဖမ်းယူခြင်းကို... network administrator တစ်ဦးကနေ... သီးသန့် packet များဖြစ်တဲ့ transmit time, source , destinaton , protocol type နဲ့ header data စတဲ့..

 

Sample text

Sample Text

Sample Text