Social Icons

Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Sunday, 3 February 2013

Myanmar Tech News ကို မိမိ၏ Android ဖုန်းပေါ်တွင်အလွယ်တကူဖတ်ယူနိုင်တော့မည်

http://myanmartechnews.blogspot.com
MTN (Myanmar Tech News) က နည်းပညာသတင်းတွေကို တပြေးညီ ဆောင်ရွက်နေလျက်ရှိပါတယ်။ ကွန်ပျူတာပေါ်မှာလည်းဖတ်တဲ့သူရှိသလို၊ မိုဘိုင်းဖုန်းမှာလည်းဖတ်ချင်တယ်သူရှိပါလိမ့်မယ်။ အဲ့ဒီတော့ Android User တွေအတွက် လွယ်လွယ်ကူကူဖတ်ရအောင် share လိုက်ပါမယ်။ နောက် user အသစ်များလည်း ဖတ်ရအောင် ထပ် share မှာဖြစ်ပါတယ်။ Online တစ်ခဏဖြစ်ရုံနဲ့ offline စာတွေဖတ်လို့ရပါပြီ။

Friday, 1 February 2013

သင့်ဖုန်းအား ခိုးယူသူ၏ ရုပ်ပုံကို ရိုက်ယူပေးမည့် Lookout လုံခြုံရေး Android app

http://pyae-phyo.blogspot.com
လုံခြုံရေး software ဖန်တီးသူများက ဖုန်းသူခိုးများကို ဖမ်းပေးနိုင်မည့် နည်းလမ်း တစ်ခုအား ၄င်းတို့၏ Lookout Android app တွင် ထည့်သွင်း ပေးလိုက်သည်။
၎င်းလုပ်ဆောင်ချက် အသစ်သည် သူစိမ်းတစ်ဦးက သင့်ဖုန်းအား unlock လုပ်ရန် ကြိုးစားမှု သုံးကြိမ် မအောင်မြင်လျှင် ဖုန်း၏ မျက်နှာပြင်ရိုက် ကင်မရာမှ အဆိုပါ သူစိမ်း၏ ပုံကို အလိုအလျှောက် ရိုက်ယူထားမည် ဖြစ်သည်။ ထို့နောက် သင့်ထံသို့ ထိုသူ၏ ပုံနှင့်တကွ သတိပေးထားသော အီးမေးတစ်စောင် ပို့ပေးမည် ဖြစ်သည်။

Friday, 25 January 2013

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask


အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။

ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

Monday, 21 January 2013

Android Device တစ်ခုကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် နည်းများ

၁။ အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။

Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့ အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေ ရှိနေနိုင်တဲ့ အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။
၂။ Call Log များကို ရှင်းလင်းပေးပါ။
 

Sample text

Sample Text

Sample Text