Social Icons

Showing posts with label PC Tricks. Show all posts
Showing posts with label PC Tricks. Show all posts

Tuesday, 12 February 2013

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ

http://pyae-phyo.blogspot.com
ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင် ပါဘူး။ ဒါပေမယ့် အခက်ကြီး လို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာ လေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေ ဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်း သိလိုက်တာနဲ့ အားလုံး အဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။ ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာ အတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ် လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက် ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိ နည်းကျကျ ဆင်ခြင်တွေးခေါ် နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံ လေးတွေ နည်းနည်း လိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်း သင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်း အနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာ မဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့် တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။ အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။

Friday, 8 February 2013

Mozilla ကုမ္ပဏီက ၂၀၁၂ အယုံအကြည်ရဆုံးကုမ္ပဏီတစ်ခုဖြစ်ခဲ့

http://pyae-phyo.blogspot.com
Mozilla ကုမ္ပဏီက ၂၀၁၂ အယုံအကြည်ရဆုံးကုမ္ပဏီတစ်ခုဖြစ်ခဲ့တာဆိုပဲ။ ကျွန်တော်တို့ ခုကိုင်တဲ့ စိတ်အချရဆုံး၊ အယုံအကြည်ရဆုံးဆိုတဲ့ Mozilla ဟာ ယမန်နှစ်တုန်းကမှ Trusted Company အဖြစ်ရာထူးအတိုးခံရပါတယ်။ Mozilla ကကျွန်တော်တို့ကိုင်နေတဲ့ Firefox(လူအသုံးများ) ၊ Thunderbirds(လူအသုံးနည်း) တဲ့အရာလေးတွေပါ။

Sunday, 3 February 2013

TicTacToe3D ဂိမ်း [HTML Codes-2]

http://pyae-phyo.blogspot.com
ခုတော့ နောက်ဂိမ်းအသစ်တင်ဆက်ပါမယ်။ HTML နဲ့ Javascript တို့ပေါင်းစပ်ပြီးလုပ်ထားတာပါ။ C++ language ကနေ HTML တို့ Javascript အဖြစ်ပြောင်းလုပ်ထားတာပါ။ ကုဒ်တွေအလုပ်မလုပ်လို့ အချိန်ပေးပြီး ထွင်နေရတာပါ။ ပုံတွေက အလုပ်မလုပ်လို့  blogspot.com နဲ့ပုံတင်ပြီး ပြင်ထားပါတယ်။ ကျွန်တော်ကတော့ ဒီဟာကို Dreamweaver နဲ့ Notepad++ နဲ့လုပ်တာပါ။ ၂နာရီလောက်ကြာသွားပါတယ်ဗျာ။ အဆင်မပြေရင် ပုံတွေပါပေးလိုက်မယ်။ ပုံလေးတွေကို download လုပ်ချင်ရင်...

စကားထပ်ခါပြန်ပြောတဲ့စက် [HTML Codes-1]

http://pyae-phyo.blogspot.com
ကဲဗျာ။ ကျွန်တော် ကစားတဲ့ html code လေးအကြောင်းပြောပါမယ်။ ဒီနေ့ပဲကစားတာပါ။ တခြားနေ့တွေက လုံးပန်းတယ်ဆိုတော့ ပိုစ့်တောင်မရေးဖြစ်ဘူးပေါ့။ လွယ်လွယ်လေးပဲ။ ထမင်းစားရေသောက်ပေါ့။ ကျွန်တော်က HTML ကိုနားလည်တဲ့ဆရာကြီးမဟုတ်ပါဘူး။ ဆော့ရုံလေးတင်ပါပဲ။

Friday, 1 February 2013

WiFi လွှင့်နည်း အဆင့်ဆင့်



အိမ်တွင်း၊ ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။ Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။

Wednesday, 30 January 2013

ကွန်ပျူတာ လိမ်ရောင်းနည်း

ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်..တစ်ချို့က အသုံးလိုလို့ဝယ်တယ်..တစ်ချို့က ဂိမ်းဆော့ချင်လို့.တစ်ချို့က သူငယ်ချင်းတွေရှိရင်.ငါလဲရှိရမယ်ဆိုတဲ့ စိတ်..ဘယ်လို..ဘယ်လိုအကြောင်းတွေကြောင့်ဘဲဖြစ်ဖြစ်..အပြိုင်အဆိုင် ၀ယ်ယူလာကြပါပြီ..နားလည်တဲ့ သူရှိသလို..နားမလည်တဲ့သူတွေလဲရှိပါတယ်..
ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီး

Saturday, 26 January 2013

လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို ICT နည်းပညာအသုံးပြုပြီး ကွန်ပြူတာပရိုဂရမ်များ စတင်ကျင့်သုံးသွားမည် ဟုဆို

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ e-Government အကောင်အထည် ဖော်ဆာင်မှု အစီအစဉ်အရ လူမှုဖူလုံရေးစီမံကိန်း ရုံးလုပ်ငန်းများကို နည်းပညာ အသုံးပြုပြီး ကွန်ပြူတာ ပရိုဂရမ်များဖြင့် စတင်ဆောင်ရွက် သွားမည်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အလုပ်သမား ဝန်ကြီးဌာနမှ ယင်းကွန်ပြူတာစနစ်ကို ၁၉၇၉ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀ဝ၅ ခုနှစ်တွင် တစ်ကြိမ်ပြုလုပ်ခဲ့ရာ အောင်မြင်မှု မရှိခဲ့ဘဲ ယခု တစ်ကြိမ်ပြုလုပ်ရန် ၂၀ဝ၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ အသစ်ရေးဆွဲမည့် ပရိုဂရမ်များကို နိုင်ငံတကာ စံချိန်စံညွှန်းမှီ မြန်မာနိုင်ငံ တွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်နှင့် အဆင်ပြေနိုင်မည့် ပရိုဂ၇မ်းများဖြစ်စေရေးအတွက် မြန်မာနိုင်ငံ ကွန်ပြူတာအသင်းမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူကာ ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြာသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ခြင်းမှာ ကွန်ပြူတာ Programme စနစ်ကို နောက်ပိုင်း Update ပြုလုပ်နိုင်ခြင်းမရှိသည့် ပြင်အာမခံအလုပ်သမားများ၏ အာမခံအမှတ်များ၊ အလုပ်ရှင် အမှတ်များ ထုပ်ပေးရာ တွင် မှားယွင်းမှုများရှိနေပြီး အဆိုပါမှားယွင်းမှုသည် လက်ရှိအခြေအနေတွင် ပြဿနာ မရှိသော်လည်း ဥပဒေအသစ်အရ သက်ကြီး ပင်စင်နှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့်များအတွက် စဉ်းစားလုပ်ဆောင်သည့် အချိန်တွင်များစွာ အခက်အခဲ ကြုံတွေ့လာနိုင်ကြောင်း၊၂၀ဝ၅ ခုနှစ်ကြိုးမှုတွင် အောင်မြင်မှုမရှိခဲ့ခြင်းမှာလညီ်း Data Entry သွင်းခြင်းကို ပီပြင်အောင် မဆောင်ရွက်နိုင်ခြင်း၊ ပြန်လည်စီစစ်မှု မပြုလုပ်နိုင်ခြင်း၊ Error

Friday, 25 January 2013

Google image search ကို အသုံးပြုသူများ အတွက် ပိုမို မြန်ဆန်ပြီး ၊ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် ပြင်ဆင်

 ပြန်လည်ပြင်ဆင် မွမ်းမံထားသော Google ၏ image search တွင် ရှာဖွေသူများသည် တစ်ဖက်က ဓါတ်ပုံများ ၊ ရုပ်ပုံဇယားများ ၊
အခြားဂရပ်ဖစ် ပုံများရှာဖွေရင်း အခြားတစ်ဖက်တွင် ပုံများ ၊ ၄င်းနှင့် ဆက်စပ်သော သတင်း အချက်အလက်များကို တပြိုင်နက် ကြည့်ရှု ရှာဖွေနိုင်မည်ဟု သိရသည်။

Wednesday, 23 January 2013

Mouse မရှိသည့်အခါ Keyboard ဖြင့်အသုံးပြုနည်း

http://pyae-phyo.blogspot.com


မိမိကွန်ပျူတာမှာ Mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် mouseသုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း

လုပ်ကြည့်ပါ။


  1. Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)

Google မျက်မှန်အား နယူးယောက် ရထားပေါ်တွင် တပ်ဆင် စမ်းသပ်ခဲ့သည့် Sergey Brin

Google ပူးတွဲ တည်ထောင်သူ ရုရှား နိုင်ငံဖွား အမေရိကန် ကွန်ပြူတာ ပညာရှင် Sergey Brin သည် ရုံးပိတ်ရက်တွင် နယူးယောက်မြို့တွင်
နံပါတ်-၃ မြေအောက်ရထားအတွင်း အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်မည့် Google မျက်မှန်အား

Registry အကြောင်းတစ်စေ့တစ်ဆောင်း

http://pyae-phyo.blogspot.com
ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။

Tuesday, 22 January 2013

Core i3,Core i5, Core i7 တို့ ကွာခြားချက်

Core i3,Core i5, Core i7 တို့ ကွာခြားချက် တို့ရှင်းပြပါမယ်။ မျိုးဆက်အလိုက်ပေါ့ဗျာ။
Core i3:

* Entry level processor.
* 2-4 Cores
* 4 Threads
* Hyper-Threading (processor resources ကို ကောင်းကောင်း အသုံးပြုနိုင်)
* 3-4 MB Catche
* 32 nm Silicon (စွမ်းအင် အသုံးချမှုနည်းပြီး အပူချိန်လျော့)

Sunday, 20 January 2013

ကမ္ဘာ့အပါးဆုံး Laptop


ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။



Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slimဖြစ်ပါသေးတယ်။ ဒီတော့ Samsung ရဲ့  Series 9 ကို အပါးဆုံးလို့သတ်မှတ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့  Specification အကြမ်းဖျင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။


• တတိယမျိုးဆက် Intel Core processor - Core i7 ကို အသုံးပြု ပါတယ်။


•4GB Ram


•128GB SSD, memory ထပ်တုန်းရန် SSD slot ပါဝင်ပါတယ်။


•Windows 7 operating system ( Windows 8 သို့ Upgrade လုပ်ပေး ပါတယ်။)


• ဘက်ထရီက Photoshop တို့လို ပါဝါစားတဲ့ ပရိုဂရမ်ကို သုံးရင် ၈ နာရီခံပြီး အလင်းရောင် တစ်ဝက် ထားသုံးရင် ၁၀ နာရီခံပါတယ်။


• gaming system ရတယ်လို့ မဟုတ်ပေမယ့် အင်ဂျင်ကောင်းကောင်း သုံးတဲ့ Diablo 3 တို့လို ဂိမ်းကို နိုင်ပါတယ်။


•LCD, HD+, 400 nit screen. သာမန် Laptop တစ်လုံးထက် အလင်းရောင် ၄၀ ရာခိုင်နှုန်းပို တယ်လို့ ဆိုပါတယ်။


•Boots up in 10 seconds, 3 seconds from sleep mode


• USB 3.0 နှင့် USB 2.0 ပေါက်များ ပါရှိပါတယ်။


၁၃ လက်မ၊ ၁၅ လက်မ အရွယ်နှစ်မျိုး ထုတ်ပြီး ဈေးနှုန်းကတော့ ၁၂၉၉ ဒေါ်လာနဲ့ ၁၄၉၉ ဒေါ်လာ ဆီ ရှိကြောင်း သိရပါတယ်။

--
Ref: Samsung
Aung Kham (TSJ team)

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။



windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။
 

Sample text

Sample Text

Sample Text